ရေတိုက်စား၍ ပျက်စီးသွားသော ဘီလင်းလမ်းပိုင်းအား ရွှေသံလွင် ကုမ္ပဏီ ပြန်လည်ပြုပြင်နေ

0
80

ဘီးလင်းမြို့နယ်အတွင်း ရေတိုက်စား၍ ပျက်စီးသွားသည့် လမ်းပိုင်းနေရာဖြစ်သော ရန်ကုန် – မော်လမြိုင်ကားလမ်း ကဇိုင်းတံတားနှင့် မစောတံတားကြားရှိလမ်းပိုင်းများကို ရွှေသံလွင် ဟိုက်ဝေး ကုမ္ပဏီက ပြန်လည်ပြုပြင်နေ‌ပြီဖြစ်ကြောင်း သိရသည်။

ရေတိုက်စားမှုကြောင့် လမ်းပိုင်းအောက်ခြေများ ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ခြောက်ဖာလုံလောက်ရှိမယ်။ ရေတိုက်စားတော့ လမ်းပိုင်းဘေး အောက်ခြေတွေပျက်စီးကုန်တာ။ လမ်းက ပြင်မှရမှာ။ မပြင်ဘဲထားရင် မြေပြိုကျမှာ စိုးရတယ်။ လမ်းဘေးတောက်လျှောက် အလံထောင်ပြီး အမှတ်အသားပြထားရတယ်။ ကားတွေကတော့ သွားနေပါပြီ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ လမ်းပိုင်းသည် ဇူလိုင်(၂၅)ရက်မှစတင်၍ ရေကျော်ခဲ့သည့်အတွက် ဒေသတွင်းခရီးသွားယာဉ်များအားလုံး ဖြတ်သန်းခွင့်ပိတ်ထားပြီး ဇူလိုင် (၂၇) ရက်တွင် ရေပြန်လည်ကျဆင်းသွားသဖြင့် ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် တောင်ကလေး နှင့် ဘီးလင်းတံတားကြား၊ တောင်ကလေးနှင့် မစောတံတာကြား၊ မစောတံတားနှင့် ကဇိုင်းတံတားအကြားတို့တွင်‌ ရေနစ်မြှပ်မှုများဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here