အိုလံပစ် အားကစားပြိုင်ပွဲ ဝင်ခဲ့သူ မြန်မာကိုယ်စားပြုနှစ်ဦးကို ပြင်သစ်သံရုံး ဂုဏ်ပြု

0
206

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပနေသည့် ပါရီ-၂၀၂၄ အိုလံပစ် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကိုယ်စားပြုနှစ်ဦးကို ပြင်သစ်သံရုံးက ဂုဏ်ပြုကြောင်း ဩဂုတ်လ (၁) ရက်တွင် ထုတ်ပြန်ထားသည်။

ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် ကြက်တောင်အားကစားမယ် သက်ထားသူဇာနှင့် ရေကူးသမား ဘုန်းပြည့်ဟန် အပါအဝင် သူတို့၏နည်းပြများကို ချီးကျူးဂုဏ်ပြုထားခြင်းကို တွေ့ရသည်။

ပြင်သစ်နိုင်ငံ၌ ကျင်းပနေသည့် အိုလံပစ် အားကစားပြိုင်ပွဲအတွင်း မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် အားကစားသမားနှစ်ဦးသည် ဇူလိုင်လ (၃၀) ရက်တွင် ပွဲစဉ်များရှုံးကာ ပြိုင်ပွဲများမှ ထွက်ခွာခဲ့ရပြီး ဖြစ်သည်။

သက်ထားသူဇာကမူ အမျိုးသမီးတစ်ယောက်ချင်း ကြက်တောင်ရိုက်အားကစား အုပ်စုပွဲစဉ်၌ ဂျပန်၊ ကနေဒါမှ ကြက်တောင်မယ်များနှင့် ယှဉ်ပြိုင်ခဲ့ရကာ ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။

ထိုနည်းတူ ရေကူးအားကစားသမား ဘုန်းပြည့်ဟန်သည် အမျိုးသား မီတာ (၁ဝဝ) အလွတ်ကူးပြိုင်ပွဲ၌ နံပါတ် (၇၃) ရကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုသူများ ရှုံးနိမ့်ခဲ့သော်လည်း မြန်မာပရိသတ်များက အတွေ့အကြုံရခဲ့ခြင်းကို အမြတ်ဟု သဘောထားပါဟု ရေးသားကြသလို ယှဉ်ပြိုင်နိုင်ခြင်းကို ဂုဏ်ယူကြောင်း ရေးသားအားပေးကြသည်ကို တွေ့ရသည်။

ဓာတ်ပုံ – ပြင်သစ်သံရုံး


LEAVE A REPLY

Please enter your comment!
Please enter your name here