ရေကြီးရေလျှံမှုကြောင့် ကျုံပျော်တွင် မိုးစပါးစိုက်ဧက (၁၀,၀၀၀) ကျော် နစ်မြုပ်

0
111

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧက (၁၀,၀၀၀) ကျော်နှင့် နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် (၂၈)ရက်အထိ မိုးစပါးစိုက်ဧက (၁၀,၃၀၇) ဧက၊ ပဲခင်း (၁၅)ဧကနှင့် ငှက်ပျောခင်း(၂)ဧက ရေနစ်မြုပ်ခဲ့ပြီး ကျေးရွာသုံးရွာမှ အိမ်ခြေ (၆၀) ကျော် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက အဆိုပါ ဒေသသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာနှင့် ရေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးတောင့်မြို့နယ်တွင်လည်း ရေဝင်နစ်မြုပ်ခဲ့သည့် မိုးစပါး ဧက (၃၈၀၀) ကျော်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here