မယ်ဆိုင်ချောင်းရေမြင့်တက်လာမှုကြောင့် တာချီလိတ်တွင် အနိမ့်ပိုင်းရပ်ကွက်များ‌ ရေနစ်မြှပ်မှုဖြစ်ပွား

0
98

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမြင့်တက်လာမှုကြောင့် တာချီလိတ်မြို့တွင် အနိမ့်ပိုင်းရပ်ကွက်များ ရေနစ်မြှပ်မှုဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တာချီလိတ်တွင် မိုးရက်ဆက်ရွာသွန်းနေမှုကြောင့် ယမန်နေ့ ဩဂုတ် (၁)ရက်နေ့မှစ၍ မယ်ဆိုင်ချောင်းရေ မြစ်တက်လာကာ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ တာလော့ဈေးတန်း အနီးတစ်ဝိုက်နှင့် မြို့ပတ်လမ်းတစ်လျှောက် ရေနစ်မြှပ်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“မနက်ပိုင်းကစပြီး မယ်ဆိုင်ချောင်းရေကတစ်ဖြည်းဖြည်းတိုးလာရာကနေပြီး ညနေပိုင်းမှာ မြို့ရဲ့အနိမ့်ပိုင်းတွေကို ရေတက်တော့တာဘဲ။ အခုလည်း ဆက်ပြီးတက်နေတုန်းဘဲ။ အရမ်းကြီးပြောင်းရရွှေ့တာမျိုးမရှိပါဘူး။ ရေဝင်တဲ့နေရာကပစ္စည်းကို ရေလွတ်တဲ့အပေါ်ထပ်တို့ အမြင့်နေရာတို့ကိုရွှေ့ရတာပေါ့။”ဟု ၎င်းက ရှင်းပြသည်။

မယ်ဆိုင်ချောင်းသည် နှစ်စဉ် မိုးရာသီသို့ရောက်ရှိပါက ရေကြီးရေလျှံဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သော ဇူလိုင် (၂၆)ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြစ်တက်လာခြင်းကြောင့် ဒေသတွင်းရေဘေးသင့်သူ(၅၀၀၀)ကျော်ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရပြီး၊ (၃)နှစ်အရွှယ်က–လေ–းငယ်တစ်ဦးနှင့် အမျိုးသား(၂)ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here