လားရှိုး စစ်ဆေးရုံကို MNDAA ပူးပေါင်းအဖွဲ့ ဝင်ရောက်စီးနင်း ဆရာဝန်အပါအဝင် ဆေးဝန်ထမ်းများနှင့် လူနာအချို့ကို ပ-စ်သ–တ်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလည်းရှိနေ

0
125

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရှိ တပ်မတော်ကုတင်(၁၀၀) ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် ဆေးရုံအတွင်းရှိ ဆရာဝန်အပါအဝင် ဆေးဝန်ထမ်းနှင့်လူနာအချို့ကို ပ-စ်သ–တ်ခဲ့ပြီး၊ အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း ကနဦးသတင်းများအရ သိရသည်။

အဆိုပါ ဆေးရုံတွင် ဒဏ်ရာရရှိထားသည့် တပ်မတော်သားများအပါအဝင် အခြားသော ဒေသခံအရပ်သားများတက်ရောက် ကုသနေမှုများရှိရာ ၊ယမန်နေ့ ဩဂုတ်(၁)ရက် ညပိုင်းက ရှော့တိုက်ဒုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လူနာဆောင်အတွင်းရှိ ဆေး ကုသနေသူအချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

ပ-စ်သ–တ်ခံခဲ့ရသည့် အရေအတွက်နှင့် ဖမ်းဆီခေါ်ဆောင်သွားသည့် အရေအတွက်ကိုမူ မသိရှိရသေးဘဲ ပေါ်ပြူလာနယူးစ်က သီးခြားစုံစမ်းနေဆဲဖြစ်သည်။

“အချို့ ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေ အရပ်ဝတ်လဲပြီး နေ နေကြရတာရှိတယ်။ အချို့ကိုဖမ်းဆီးသွားပြီး ပ-စ်သ–တ်ထားတာတွေလည်း ရှိနေတယ်၊ အချို့ဆေးဝန်ထမ်းတွေ ဒဏ်ရာတွေနဲ့ ဆွဲခေါ်သွားတာမျိုးရှိနေတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာကို ဘယ်သူမှမသွားရဲတော့ တဆင့် တဆင့် ပြန်သိနေရတာ”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

လက်ရှိတွင် တပ်မတော်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA အဖွဲ့က ရက်ရှည်တိုက်ခိုက်နေသော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ယနေ့ နံနက်ပိုင်းအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ပုံစာ -တိုက်ပွဲဖြစ်ပွားနေသည့် လားရှိုးမြို့တွင်း တစ်နေရာ


LEAVE A REPLY

Please enter your comment!
Please enter your name here