ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ပြန်လည်မြင့်တက်လာ

0
534

နှစ်ပတ်ဆက်တိုက် ဈေးကျဆင်းနေသည့် စက်သုံးဆီဈေးနှုန်းသည် ယခုတစ်ပါတ်တွင် ပြန်လည် မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းသည် အတတ်အကျမရှိ ပုံမှန်အတိုင်းရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတတ်အကျပုံမှန်မရှိကြောင်း သိရသည်။

ယနေ့ ဩဂုတ် (၂) ရက် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၇၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၈၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄ ၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၉၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်ပါတ် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၆၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ၂၇၇၀ ကျပ်ဖြစ်ကြောင်း သိရသည်။

“ဈေးကျသွားတိုင်း ဆီကဝယ်လို့မရတော့ဘူး။ အဲဒါကအဆင်မပြေဘူး။ ဈေးတက်တဲ့ အချိန်ကျဝယ်လို့ရပြီးတော့ ဈေးကျတဲ့အချိန်မှ ဝယ်မရတော့ဘူး” ဟု ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အတက်အကျ မမှန်သလို နယ်မြို့များရှိ စက်သုံးဆီဈေးနှုန်းသည် ရန်ကုန်ထက်ပိုများခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်များ ပိုကုန်ကျလာပြီး ကုန်ဈေးနှုန်းကြီးမြင့်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိစက်သုံးဆီဝယ်မရသည့် အခြေအနေနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြ ပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်အတွက် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ စဉ်ဆက်မပြတ်ဝင်ရောက်ရန် စီမံကြီးကြပ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here