ဩဂုတ်လ (၃)ရက်မှ စတင်ကာ ရန်ကုန်-မော်လမြိုင် ရထား ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်

0
224

ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ပဲခူးဘူတာဝင်းအတွင်းရေများ ပြန်လည်ကျဆင်းကာ ရထားဖြတ်သန်းသွားလာရာတွင် အန္တရာယ်ကင်းရှင်းပြီးဖြစ်သဖြင့် ဩဂုတ်လ (၃)ရက်မှ စတင်ကာ ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်ဘူတာကြီး၏ ထုတ်ပြန်ချက်အရ မော်လမြိုင်ဘူတာ မှ နံနက် (၈)နာရီခွဲမှ စတင်ကာ ထွက်ခွာမည့် အမှတ် (၈၂) အစုန်ရထား နှင့် ရန်ကုန်ဘူတာမှ ထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန်-မော်လမြိုင် ရထားများအား ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

ဩဂုတ်လ (၃)ရက်အတွက် ရိုးရိုးတန်း၊ အထက်တန်း လက်မှတ်များအား မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံ၌ နံနက် (၇) နာရီမှ နေ့လယ် (၃)နာရီထိ ရောင်းချပေးနေပြီး အထက်တန်း (၂)ရက်ကြို ၊ (၃)ရက်ကြို တင်လက်မှတ်များကိုလည်း ရောင်းချပေးနေကြောင်းလည်း သိရသည်။

ပဲခူးမြို့၊ ပဲခူးဘူတာဝင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလျှံနေသည့်အတွက် ဇူလိုင် (၂၉) ရက်တွင် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားခဲ့ရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here