( ၈)ရက်ကြာမြင့်ခဲ့ပြီဖြစ်သည့် အတ္ထရံမြစ်ရေ ယနေ့ ညနေပိုင်းအချိန်အထိ ဆက်လက်မြင့်တက်နေ

0
106

(၈)ရက်ကြာမြင့်ခဲ့ပြီဖြစ်သည့် အတ္ထရံမြစ်ရေမှာ ယနေ့ ဩဂုတ်(၂)ရက်နေ့ ညနေပိုင်းအချိန်အထိ ဆက်လက်မြင့်တက်နေကြောင်း မြေပြင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာ
နယူးစ်ကိုပြောသည်။

အထ္ထရံမြစ်ရေသည် ဇူလိုင်(၂၆)ရက် မှစတင်ကာ ယနေ့အချိန်အထိ ရက်ရှည်မြင့်တက်နေခြင်းကြောင့် ကျိုက်မရောမြို့ဒေသခံ အိမ်စု(၁,၈၀၀)ကျော် ရေဘေးကြုံတွေ့နေရကာ ၊ ကယ်ဆယ်ရေးအဖွဲ့အနေဖြင့်ရေကင်းပတ်၍ စောင့်ကြည့်ပေးနေကြောင်း သိရသည်။

“မြစ်ရေက ဆက်တိုးနေတုန်း။ ကျမသွားဘူး။ အခုချိန်အထိတော့ လူအ‌ေ-သအပျောက်မရှိဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေတော့ လိုက်ပတ်ပြီး ကြည့်နေရတာပေါ့။ ရေတက်နေတာက ထိန်းချုပ်လို့ရတဲ့ကိစ္စမဟုတ်ပေမယ့် ရေဘေးသင့်တဲ့သူတွေကိုတော့ ကူညီနိုင်တာကူညီဖို့ ရေကင်းပတ်ပေးနေတယ်”ဟု ၎င်းက ဆို သည်။

ယနေ့တွင် အလှူရှင်များ လှူဒါန်းသည့် အစားအသောက်နှင့် ရေသန့်ဘူးများကိလည်း မြို့တွင်းရေနစ်မြှပ်နေသည့် နေအိမ်များသို့ လိုက်လံပို့ဆောင်ကူညီလျှက်ရှိကြောင်း သိရသည်။

အတ္ထရံမြစ်ရေ မြင့်တက်လာမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ ချောင်းနှစ်ခွ၊ ဖားသိမ်ကမ်းနား၊ ဦးလေး၊ ငါးပြေမ၊ စံပယ်ဂူ၊ နိတုံ၊ မယ်ဂရို၊ ကွာငန်း၊ ပေါလောကုန်း၊ လမုခိုကျေးရွာများနှင့် ကျိုက်မရောမြို့မြစ်ကမ်းပိုင်းများ ရေနစ်မြှုပ်နေခြင်းဖြစ်သည်။

ပုံစာ- ယနေ့ ကျိုက်မရောမြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြှပ်နေသည့်မြင်ကွင်း (ဘိုဘိုဝင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here