မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီး စားသောက်ကုန်များ ပျက်စီးဆုံးရှုံးနေ

0
587

မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် စားသောက်ကုန်များ ပျက်စီးခြင်း၊ ကုန်စည်တင်ဆောင်ခများလည်း ဈေးမြင့်တက်လာကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

မြန်မာ – ထိုင်း နယ်စပ် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ကော့ကရိတ် – မြဝတီ( အာရှ)လမ်းပိုင်းသည် တိုက်ပွဲများကြောင့် လမ်းပိတ်ထားသည့်အတွက် တောလမ်းဘက်မှသွားနေရပြီး အဆိုပါလမ်းများသည်လည်း မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေကြောင်း သိရသည်။

ကားခများအ‌နေဖြင့် ယခင်က မြဝတီမှ သာမညကို (၁)တန် ကျပ် (၂) သိန်းခွဲသာရှိခဲ့ပြီး လက်ရှိတွင် (၇) သိန်းခွဲမှ (၈) သိန်းကျပ်အထိ ဈေးမြင့်နေကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှ ကုန်သွယ်မှုပြုလုပ်ရာတွင် ပို့ကုန်အနေဖြင့် မြန်မာနိုင်ငံမှ ကွမ်းသီး၊ ငရုတ်၊ ကြက်သွန်၊ ပီလောပီနံများတင်ပို့ပြီး ထိုင်းနိုင်ငံမှ အလှကုန်၊ စားသောက် ကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများကို တင်သွင်းနေကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဇွန်လအထိ ကော့သောင်း-ရနောင်းမှ ပို့ကုန်ရ‌ငွေ ဒေါ်လာ (၃၇) သန်းကျော်၊ သွင်းကုန်ဒေါ်လာ (၂၂) သန်းကျော်ရှိပြီး မြဝတီနယ်စပ်မှ ပို့ကုန်ဒေါ်လာ (၃၀) သန်းကျော်၊ သွင်းကုန်မှ ဒေါ်လာ (၃၃) သန်းကျော်ရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here