ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သား တစ်ထောင်ကျော် ခေါ်ယူ

0
176

မြန်မာလုပ်သားများကို ဂျပန်ကုမ္ပဏီ လေးရာကျော်မှ အလုပ်ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကမ်းလှမ်းစာများအရ မြန်မာလုပ်သား (၁၃၀၀) ကျော်ကို ဂျပန်ကုမ္ပဏီ လေးရာကျော်က ခေါ်ယူသွားမည်ဖြစ်သည်။

တိုကျိုမြို့တွင်ရှိ မြန်မာသံရုံးအနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ် အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန်လ(၁၇)ရက်အထိ လက်ခံရရှိပြီး စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၄၁၅)ခုနှင့် ပတ်သက်သည့်အချက်အလက်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုသို့စိစစ်ချက်များအရ အဆိုပါ အချက်အလက်များအရ ဂျပန်ကုမ္ပဏီ (၄၀၀)ကျော်က မြန်မာလုပ်သားအမျိုးသား (၄၆ဝ)ကျော်၊ အမျိုးသမီး (၈၇ဝ)ခေါ်ယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စိစစ်ရာတွင်လည်း အလုပ်ခေါ်ယူသည့် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီ၊ အလုပ်ခေါ်ယူသည့် စက်ရုံ / ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင် တည်ထောင်ထားခြင်း ရှိ၊ မရှိ အပါအဝင် စာရွက်စာတမ်း အထောက်အထားများကို စစ်ဆေးခဲ့ကြောင်း မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here