MNDAA က တပ်ဆေးရုံကိုပစ်ခတ်မှုကြောင့် မီးဖွားခါနီးကိုယ်ဝန်ဆောင် မိခင်‌လောင်းတစ်ဦးနှင့် မီးဖွားပြီးခါစ မိခင်တစ်ဦးအပါအဝင် လူ(၁၀၀)ခန့် အသက်ဆုံးရှုံး

0
197

လားရှိုးမြို့ ကုတင်(၁၀၀) တပ်မတော်ဆေးရုံကြီးအတွင်း MNDAA အဖွဲ့က ဝင်ရောက်စီးနင်းပစ်ခတ်ရာ ယင်း ပစ်ခတ်မှုဖြစ်စဉ်အတွင်း မီးဖွားခါနီးကိုယ်ဝန်ဆောင် မိခင်‌လောင်းတစ်ဦးနှင့် မီးဖွားပြီးခါစ မိခင်တစ်ဦးအပါအဝင် လူ(၁၀၀) ခန့် အသက်ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ မွေးလူနာအမျိုးသမီးအား ကူညီဆောင်ရွက်ပေးနေသူ သတင်းရင်းမြစ်တစ်ဦးထံက တဆင့် သိရသည်။

ယင်း ဖြစ်စဉ်အတွင်း  မိခင်နှင့် က-လေ-းငယ်ဖြစ်သူများပါ အသက်ဆုံးရှုံးခဲ့ရပြီး ၊ အခြား တပ်မတော်သားလူနာများ၊ လားရှိုးဆေးရုံကြီးမှတဆင့် ပြောင်းရွှေ့လာရသည့် ဒေသခံလူနာများ လူနာစောင့်များနှင့် မိသားစုဝင်(၁၀၀)ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

လမ်းလျှောက်နိုင်တဲ့ လူနာတွေက ဘေးကင်းတဲ့နေရာကိုရွှေ့သွားလို့ လွတ်ပေမဲ့ ကျန်ခဲ့တဲ့ ဆရာဝန်တွေ သူနာပြုတွေနဲ့ လူနာတွေအကုန်လုံးကို ‌ေ-သနတ်နဲ့ပစ်သွားတာပါဟု ရေးသားမျှဝေထားသည်များကို တွေ့ရသည်။

တပ်မတော်ဆေးရုံမှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် လူ(၁၀၀)ဝန်းကျင် အစုလိုက်လမ်းလျှောက်သွားနေကြသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံနှံ့လာခဲ့ပြီး၊ ထိုအထဲတွင် က-လေ-းငယ်များ၊ အမျိုးသမီးများ၊ လမ်းမလျှောက်နိုင်၍ ထမ်းခေါ်လာရသည့် လူနာများနှင့် သက်ကြီးလူနာအချို့ ပါဝင်နေ သည်ကို တွေ့ရသည်။

ထို့ကြောင့် ပေါ်ပြူလာနယူးစ်၏ ကနဦး စုံစမ်းရေးသားထားသည့် အချက်အလက်အရ လမ်းလျှောက်နိုင်သူများမှအပ လမ်းမလျှောက်နိုင်သည့် ပြင်းထန်ဒဏ်ရာရရှိသူနှင့် တပ်‌မတော်ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ပ-စ်သ-တ်ခဲ့နိုင်ဖွယ်ရှိနေသည်။

MMDAA သည် ရှမ်းမြောက်တိုက်ပွဲများနှင့်ပတ်သက်၍ ၎င်းတို့၏ Page မှ မိနစ်ခြား သတင်းထုတ်ပြန်လေ့ရှိသော်လည်း ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဩဂုတ် (၃)ရက် မွန်းလွဲပိုင်းအချိန်ထိ တုန့်ပြန်ခြင်းမရှိသေးပေ။

လက်ရှိတွင် တပ်မတော်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA အဖွဲ့က ရက်ရှည်တိုက်ခိုက်နေသော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

MNDAA ၏ အဆိုပါ လုပ်ရပ်သည် ဂျနီဗာကွန်ဗင်းရှင်း၏ ပုဒ်မ(၃)၊ ၁(က) အရ ရက်စက်ကြမ်းကြုတ်စွာ ညှ-င်းပန်းနှိ-ပ်-စက်ခြင်း၊ ပုံစံမျိုးစုံဖြင့် လူသ-တ်ခြင်း၊ဓ-ားစာခံ ဖမ်းဆီးခြင်းအစရှိသည် တို့မှာ စစ်ရာဇဝတ်မှုမြောက်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဘယ်ဖက်ကဖြစ်ဖြစ် medical cover တွေနဲ့ လူနာဆိုတာ မပစ်ရဘူး ဒါ International Law”ဟု အဆိုပါ သတင်းရင်းမြစ်ကပင် ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here