ရုရှားနှင့်အကျဉ်းသားလဲလှယ်မှုတွင်လွတ်လာသည့် အမေရိကန်များကို ဘိုင်ဒင်နှင့်ကင်မ်မလာတို့ကြိုဆို

0
421
US President Joe Biden and Vice President Kamala Harris march towards the plane carrying former prisoners held by Russia as they arrive at Joint Base Andrews in Maryland on August 1, 2024.(Photo by Brendan SMIALOWSKI / AFP)

ဝါရှင်တန်၊ဩဂုတ် ၂

အမေရိကနှင့်ရုရှားတို့သဘောတူညီချက်ရအောင် ညှိနှိုင်းနိုင်မှုကြောင့် ပြန်လည်လွတ်မြောက်လာသည့် အမေရိကန်နိုင်ငံသားများကို အမေရိကန်သမ္မတဘိုင်ဒင်နှင့် ဒုတိယ သမ္မတဟားရစ်တို့ကလေယာဉ်ကွင်း၌သွားရောက်ကြိုဆိုခဲ့ကြကြောင်းသိရသည်။

ပြန်လွတ်လာသူများထဲတွင် အမေရိကန်မရိန်းတပ်သားဟောင်း Paul Whelan၊ Wall Street ဂျာနယ်မှသတင်းထောက် Gershkovich နှင့် သတင်းထောက် Alsu Kurmasheva တို့ပါဝင်ကြောင်းသိရှိရသည်။

အမေရိကနှင့်ရုရှားတို့အကြား အကျဉ်းသား အများဆုံး လဲလှယ်မှုအဖြစ်ယူဆနိုင်သည့် ယခုအကျဉ်းသားလဲလှယ်မှုတွင် အကျဉ်းသားနှစ်ဒါဇင်နီးပါးပြန်လည်လွတ်မြောက်လာကာ ယင်းတို့တွင် ၎င်းတို့လေးဦးပါဝင်လာခြင်းလည်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူများထဲတွင် အသက် ၃၂ နှစ်အရွယ်ရှိ Wall Street ဂျာနယ်မှသတင်းထောက် မစ္စတာ Gershkovich သည် အထင်ရှားဆုံးသူဖြစ်ပြီး ၎င်းသည် ၂၀၂၃ ခုနှစ်၊မတ်လက ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သူလျှိုမှုဖြင့် ထောင်ဒဏ် ၁၆ နှစ်ကျခံစေရန် အမိန့်ချခံထားရသူတစ်ဦးလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here