Newtopia အမည်ရှိ ဇွန်ဘီဇာတ်လမ်းတွဲ၌ ဂျီဆိုသရုပ်ဆောင်

0
336

ဆိုးလ်၊ဩဂုတ် ၂

တောင်ကိုရီးယားနာမည်ကျော် K – pop အဖွဲ့တစ်ခုဖြစ်သည့် Blackpink အဖွဲ့ဝင်ဂျီဆိုသည် ၂၀၂၅ ခုနှစ်၌ ထုတ်လွှင့်ရန်စီစဉ်ထားသည့် Newtopia အမည်ရှိ ဇွန်ဘီဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ထားကြောင်းသိရသည်။

အဆိုပါဇာတ်လမ်းတွဲ၌ ဂျီဆိုသည် ကိုရီးယားသရုပ်ဆောင် ပက်ခ်ဂျန်မင်နှင့်တွဲဖက်သရုပ်ဆောင်ထားပြီး ဇွန်ဘီများသောင်းကျန်းနေသည့် ဆိုးလ်မြို့မှ ထွက်ခွာပြီး တစ်ဦးနှင့်တစ်ဦးတွေ့နိုင်ရန်ကြိုးပမ်းနေသည့် စုံတွဲအဖြစ်ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။

မင်းသားပက်ခ်ဂျန်မင်ကမူ မဖြစ်မနေစစ်မှုထမ်းနေရသည့်ကာလဖြစ်ပြီး ဇွန်ဘီများရှိသည့် ဆိုးလ်မြို့သို့စစ်ဆင်ရေးသွားရောက်နေရသော တပ်မတော်သားတစ်ဦးအဖြစ်ပါဝင်ထားပြီး ဂျီဆိုသည် ၎င်း၏ချစ်သူ အင်ဂျင်နီယာကောင်မလေးအဖြစ်သရုပ်ဆောင်ထားကြောင်းသိရသည်။

ယခုဇာတ်လမ်းတွဲကို ဒါရိုက်တာ Yoon Sung – hyun ကရိုက်ကူးထားခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များကထွက်ရှိခဲ့သော Bleak Night နှင့် Time to hunt ရုပ်ရှင်ဇာတ်ကားများပြီးနောက် ၎င်း၏ပထမဆုံးရုပ်သံဇာတ်လမ်းတွဲလည်းဖြစ်သည်။

Source : စီအင်န်အေ/အက်စ်အာ


LEAVE A REPLY

Please enter your comment!
Please enter your name here