ဂျပန်၌ ဇူလိုင်လတွင် အပူချိန်စံချိန်ထပ်ချိုးခဲ့

0
180

တိုကျို၊ဩဂုတ် ၂

ဂျပန်နိုင်ငံ၌ အပူချိန်ကို စတင်မှတ်တမ်းတင်နိုင်ခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၁၂၆ နှစ်အတွင်း အပူဆုံးကာလအဖြစ် ယခုနှစ် ဇူလိုင်လက စံချိန်ချိုးခဲ့ကြောင်းသိရှိရသည်။

နိုင်ငံတွင်းအပူချိန်သည် ၂ ဒသမ ၁၆ ဒီဂရီဆဲဆီးယပ်စ်အထိဖြစ်ခဲ့ပြီး ယမန်နှစ်ကရှိခဲ့သည့် အပူချိန် ၁ ဒသမ ၉၁ ကို ကျော်လွန်သွားခဲ့သည်။

“၁၈၉၈ ခုနှစ်မှာ အပူချိန်မှတ်တမ်းတင်တာမျိုးကို စတင်လုပ်ဆောင်နိုင်ခဲ့ပြီး အဲ့ဒီကာလကတည်းက တောက်လျှောက်မှတ်တမ်းတွေထဲမှာ ဒီနှစ်ဇူလိုင်လက အပူဆုံးအဖြစ် ထပ်ပြီးစံချိန်တင်ခဲ့တာပါ” ဟု ဂျပန်မိုးလေဝသဌာနကပြောကြားခဲ့သည်။

အဆိုပါကိန်းဂဏန်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိသိသာသာမြင့်တက်လာခြင်းမျိုးဖြစ်သည်ဟုလည်းဆက်လက်ပြောကြားခဲ့သည်။

ဂျပန်သဘာဝဘေးစီမံခန့်ခွဲရေးဌာန၏ပြောကြားချက်အရ နိုင်ငံတွင်း၌ ဧပြီလကစ၍ အပူချိန်ကြောင့်‌ေ-သဆုံးသူအရေအတွက်သည် ၅၉ ဦးအထိရှိခဲ့ကြောင်းလည်းသိရသည်။

အပူချိန်မြင့်တက်မှုများသည် ဂျပန်တစ်နိုင်ငံတည်းတွင်သာမကဘဲ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်မှုများကြောင့် နိုင်ငံတိုင်းနီးပါးတွင် ဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here