သံလွင်မြစ်အတွင်း စက်လှေတိမ်းမှေ-ာက်မှုမှ နစ်မြှပ်ပျောက်ဆုံးနေသူ(၂)ဦး ယနေ့ထိ မတွေ့ရှိသေး

0
179

ယမန်နေ့ သြဂုတ် (၂)ရက်၊ နေ့လယ်ပိုင်း အချိန်က သံလွင်မြစ်တွင်း စက်လှေ(၂)စင်း တိမ်းမှောက်မှုဖြစ်စဉ်မှ ရေနစ်ပျောက်ဆုံးနေသူ (၂)ဦး ယနေ့ မွန်းလွဲ (၂)နာရီအချိန်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ကူညီကယ်ဆယ်ဆောင်ရွက်ပေးနေသူ တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

“မနေ့က ညနေပိုင်းအထိတော့ရှာသေးတယ်။ အခုတော့ ရှာဖွေရေးရပ်နားထားပါတယ်။ မတွေ့သေးပါဘူး။ ပျောက်နေတာက သွားကူညီတဲ့လှေသမားနှစ်ယောက်ပါ။ အခုလည်း သံလွင်မြစ်ရေက တိုးနေတုန်းဘဲ”ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူနှစ်ဦးမှာ ကမ်းဘက်သို့ကူးလာသော်လည်း ၎င်းတို့ ကူးလာသည့်‌ နေရာတွင် ဝဲရှိနေခြင်းကြောင်း မကူးနိုင်ဖြစ်ကာ နစ်မြှပ်ပျောက်ဆုံးခဲ့ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ရေန-စ်ပျောက်ဆုံးနေသူ(၂)ဦးမှာ ဦးခင်မောင် အသက် (၆၂) နှစ်ခန့်အရွယ်နှင့် အသက် (၂၄)နှစ်ခန့် အရွယ် သဲဆိပ်လုပ်သား လူငယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

တိမ်းမှောက်သည့်လှေမှာ ခေါင်း ဆေးကျွန်းဘုရားဖူးသွားသည့် စက်လှေဟု သတင်းများ ထွက်ပေါ်နေခြင်းမှာမဟုတ်ကြောင်းနှင့် ခေါင်းဆေးကျွန်းလှေဆိပ်အနီး ကျောက်စလစ်စက်လှေတစ်စီးကျောက်ဆောင်ဖြင့် ညှိနေစဉ် အနီးရှိ စက်လှေဆိပ်မှဒေသခံ စက်လှေသမား (၂)ဦးသွားရောက်ကူညီစဉ် တိမ်းမှောက်ခဲ့ရသည် ဖြစ်စဉ်ဖြစ်သည်။

အဆိုပါ ခေါင်းဆေးကျွန်းသည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊အတ္ထရံမြစ်နှင့် ဒုံသမိမြစ် တို့ ဆုံသည့် မြစ်ဝကျယ်တစ်ခုဖြစ်ကာ ရေစီးသန်၍ ရေဝဲများ ရှိသည့်နေရာတစ်ခုလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here