ဘာလင်-အာဆီယံ ကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယား သံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်

0
97

ဘာလင် – အာဆီယံကော်မတီ (BAC)၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းဒါရုဆလမ်သံအမတ်ကြီးက ကမ္ဘောဒီးယား သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘာလင်-အာဆီယံကော်မတီ(Berlin ASEAN Committee – BAC)၏ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရုဆလမ်သံရုံးက ကြီးမှူးကျင်းပသည့် ဘာလင် – အာဆီယံ ကော်မတီ (BAC) အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဇူလိုင်(၃၁) ရက်က ကျင်းပရာ မြန်မာသံရုံး၊ ဘာလင်မြို့ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး၌ ဘာလင်-အာဆီယံကော်မတီ၏ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ ဘရူနိုင်းဒါရုဆလမ်သံ အမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြား၍ တက်ရောက်လာသူများမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စရပ်များအပေါ် ပြန်လည် သုံးသပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် (၅၇)နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးကိစ္စအပါအဝင် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဂျာမနီနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် ဘာလင်မြို့ရှိ အာဆီယံ ဆွေးနွေးဖက် နိုင်ငံများ၏ သံရုံးများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here