ကီရာလာပြည်နယ်၌ မြေပြိုပြီး သုံးရက်အကြာမှာ လူလေးဦးကို အသက်ရှင်လျက် တွေ့ရှိ

0
303

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် Wayanad ခရိုင်မှာ ‌ေ-သကြေထိခိုက်မှုများပြားလှသော မြေပြိုမှုတွေဖြစ်ခဲ့အပြီး သုံးရက်မြောက်နေ့တွင် နေအိမ်တစ်လုံးအတွင်းမှ လူ လေးဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ သဘာဝဘေးဒဏ်သင့် ဧရိယာသို့ ဆက်သွယ်သည့် အဓိကတံတားကို တည်ဆောက်ခဲ့ပြီးနောက် အကြီးစား စက်ပစ္စည်းကိရိယာများ ပို့ဆောင်နိုင်ခဲ့ကာ ကယ်ဆယ်မှုများကို အရှိန်မြှင့်ဆောင်ရွက်လာနိုင်ချိန်တွင် ယခုကဲ့သို့ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကီရာလာပြည်နယ်၌ ဖြစ်ပွားနေသည့် သဘာဝဘေးဒဏ်မှာ ၂၀၁၈ ခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်နောက်ပိုင်း အဆိုးဝါးဆုံးေသာသဘာဝဘေးဖြစ်ပြီး ‌ေ-သဆုံးသူ ၃၀၈ ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂ ရက်နေ့က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးကို ဝေးလံသီခေါင်သည့် ေနရာတစ်ခုရှိ စွန့်ပစ်အိမ်တစ်လုံးတွင် စစ်တပ်က တွေ့ရှိကယ်ဆယ်ခဲ့ခြင်းဟု သိရသည်။ ၄င်းတို့သည် မြေပြိုမှုအောက် ရောက်ရှိသွားကြသူများ မဟုတ်ဘဲ ဝေးလံသော အရပ်မှာ ရောက်ရှိနေသူများဖြစ်သည်ဟု အရာရှိများက ပြောသည်။

သဘာဝဘေးဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် Mundakkai ဧရိယာနှင့် အနီးဆုံးမြို့ Chooralmala အကြားရှိ အဓိကတံတားသည် ရေကြီးမြေပြိုမှုများအတွင်း မျောပါသွားခဲ့သည့်အတွက် ကနဦးတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အဟန့်အတားဖြစ်ခဲ့သည်။

စစ်ဘက်အင်ဂျင်နီယာများ ဆောက်လုပ်ခဲ့သည့် ပေ ၁၉၀ အရှည်ရှိ တံတားပေါ်မှ ယာဉ်ကြီးများ စတင်ဖြတ်သန်းနေကာ ရွှံ့မြေအောက်ရောက် ရုပ်အလေ-ာင်းများကို ရှာဖွေရန် မြေကြီးအာရုံနည်းပညာစနစ်ပါ ဒရုန်းများ ရောက်ရှိလာပြီဖြစ်ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရုပ်အလော-င်းများ တွေ့နိုင်ခြေရှိသည့် ချာလီယာမြစ်အတွင်းနှင့် မြစ်ကမ်းပါးတလျှောက် အဓိကအာရုံစိုက်ရေးအတွက် ရေကူးကျွမ်းကျင်သူများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့များ ထပ်တိုးချထားကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း တောင်ပေါ်ဒေသ ကျေးရွားများနှင့် လက်ဖက်၊ ဖာလာခြံစိုက်ခင်းများမှ လူပေါင်း ၁၆၀၀ နီးပါးကို ကယ်ဆယ်ထားနိုင်ခဲ့ကြောင်း သိရကာ အဆောက်အအုံပေါင်း ၃၅၀ နီးပါး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

(Times of India သတင်းဋ္ဌာန၏ သြဂုတ် ၃ရက် မွန်းလွဲ ၁၂ နာရီကျော်အထိ ဖော်ပြချက်အရ Wahanad မြေပြိုမှုဖြစ်စဉ်များအတွင်း ‌ေ-သဆုံးသူ ၃၅၈ ဦးအထိ ရှိလာကြောင်းနှင့် ပျောက်ဆုံးနေသူ ၂၅၀ ကျော် ရှိနေဆဲဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။)

Ref: DD News


LEAVE A REPLY

Please enter your comment!
Please enter your name here