အပြည်ပြည်ဆိူင်ရာ မြန်မာလေကြောင်း MAI က ပြည်ပခရီးစဉ် (၄၁)ခုအထိ ပြေးဆွဲသွားရန် စီစဉ်

0
173

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က မဟာဗျူဟာမြောက် ခရီးစဉ်တိုးချဲ့မှု အစီအစဉ်တွင် ပြည်တွင်း ပြည်ပခရီးစဉ် (၄၁)ခုအထိ ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် MAI သည် ပြည်ပနိုင်ငံများရှိ မြို့ပေါင်း (၃၆)မြို့သို့ တိုက်ရိုက် ခရီးစဉ်များအဖြစ် ပြေးဆွဲပေးနေသည့်အပြင် ယခုနှစ်ကုန်ပိုင်း၌ ကာတာနိုင်ငံ၊ ဒိုဟာမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့အပါအဝင် ပြည်တွင်း၊ ပြည်ပခရီးစဉ် (၄၁) ခုအထိ ပြေးဆွဲသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းသည် ဩဂုတ်လ (၁၅)ရက်တွင် ကျရောက်မည့် (၃၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်တွင်း၊ ပြည်ပခရီးစဉ်များတွင် (၃၁)ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် လက်မှတ်များကို ဩဂုတ်လ (၁) လလုံး ရောင်းချပေးသွားမည်ဟုလည်း သိရသည်။

ထို့ပြင် ပရိုမိုးရှင်းအစီအစဉ်၏ ခရီးသွားကာလမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ လက်မှတ်များကို MAI ၏ direct sales channels များအ ပြင် လက်မှတ်အရောင်း ကိုယ်စားလှယ်များ ထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။

MAI ၏ website www.maiair.com နှင့် MAI Xtra application တွင် MAI-uab Visa Card ဖြင့် ငွေပေးချေဝယ်ယူမည့် ခရီးသွားများအတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့တွင် MAIUABI promo code ဖြင့် ပြည်ပခရီးသွားများအတွက် ငါးရာခိုင်နှုန်း လျှော့ဈေးနှင့် MAI UABI promo code ဖြင့် ပြည်တွင်းခရီးစဉ်များ အတွက် (၁၀)ရာခိုင်နှုန်း လျှော့ဈေးရရှိမည့် Weekend Exclusive အစီအစဉ်များလ ည်း ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here