(၇,၀၀၀) ဧက ရှိသည့် နယ်မြေကို “မိုင်းဟဲကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်

0
104

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း (၇,၀၀၀) ဧက ရှိသည့် နယ်မြေကို “ မိုင်းဟဲကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနက ဩဂုတ်လ(၂)ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ” မိုင်းဟဲကြိုးပြင်ကာကွယ်တော “ကို ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံးကာ ဇူလိုင်လ (၂၄) ရက်မှစပြီး သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်၊ ဒေသမျိုးရင်းတိရစ္ဆာန်များ၏ မူရင်းဒေသ တိုးပွားလာစေရန်နှင့် ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းရန်၊ ဒေသခံများ၏ စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက် သဘာဝရေထွက်တွေ ရေရှည်တည်တံ့စေရန် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းများလျော့နည်းပပျောက်စေရန် ရည်ရွယ်၍ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပျဉ်းမ၊ စကားစိမ်း၊ ရေမနေ၊ သစ်ချ၊ သစ်အယ်၊ လောက်ယား၊ ဇီးဖြူ၊ ဖက်ဝန်း၊ ရုံး၊ ဖန်ခါး၊ ဒီဒူး၊ အုံတုံ စသည့် ဒေသမျိုးရင်းသစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ၎င်းကြိုးပြင်တောတွင် နေထိုင်ကျက်စားနေပြီး ရှားပါးသည့် ဒေသမျိုးရင်း မျောက်ညို၊ ဂျီ၊ တောင်ဆိတ်၊ မျောက်စပ်၊ ဖြူ၊ တောကြောင်၊ တောကြက်၊ ရစ်၊ ဒေါင်းအမျိုးမျိုး၊ ငှက်အမျိုးမျိုး၊ လိပ် စသည့် တောရိုင်းတိရစ္ဆာန်များ ကျက်စားရာဒေသ တိုးပွားလာနိုင်သည့်အပြင် တောရိုင်းတိရ စ္ဆာန်များ၏ ဂေဟစနစ်ကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here