ရေကြီးမှုသတင်းကို ကောလာဟလဖြန့်သည့် ဆိုးလ် မီဒီယာများကို ‘ကင်’ ပြင်းထန်စွာ ဝေဖန်

0
249
This recent undated photo released by North Korea's official Korean Central News Agency (KCNA) via KNS on July 31, 2024 shows North Korea's leader Kim Jong Un (L) riding in a dingey through flood waters as he inspects the area for damage after record-breaking heavy rains on July 29 in the city of Sinuiju in North Pyongan Province. (Photo by KCNA VIA KNS / AFP)

နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုဖြစ်စဉ်၌ ‌ေ-သကြေ၊ ထိခိုက်ဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး တောင်ကိုရီးယား မီဒီယာများက မမှန်မကန် ကောလာဟလဖြန့်ခဲ့ကြကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စွပ်စွဲပြောဆိုသည်ဟု နိုင်ငံပိုင် သတင်းဋ္ဌာနက ဖော်ပြသည်။ ရေဘေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်မည့်အကြောင်း ဆိုးလ်က ကမ်းလှမ်းခဲ့အပြီး နောက်တစ်နေ့တွင် ကင်ဂျုံအန်၏ စွပ်စွဲချက် ထွက်လာခြင်းဖြစ်သည်။

နိုင်ငံမြောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် အရေအတွက် အတိအကျ မသိရသေးသော ထိခိုက်‌ေ-သဆုံးမှုများဖြစ်ခဲ့ကြောင်းနှင့် လူနေအိမ်ခြေများ ထောင်နှင့်ချီ ၍ပျက်စီးခဲ့ကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် မြောက်ကိုရီးယားက ပြောဆိုခဲ့သည်။

ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူနှင့် ပျောက်ဆုံးသူ ဦးရေသည် ၁,၅၀၀ အထိ မြင့်တက်လာကြောင်း တောင်ကိုရီးယား သတင်းဌာနများက ဖော်ပြခဲ့ကြပြီးနောက် မြောက်ကိုရီးယား ရေဘေးကြုံရသူများအတွက် လူသားချင်းစာနာမှု အကူအညီများကို အလျင်အမြန် ပေးအပ်လိုကြောင်း ကြာသပတေးနေ့တွင် ဆိုးလ်က ကမ်းလှမ်းခဲ့သည်။

ရဟတ်ယာဉ်ပျ-က်ကျမှုဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးလုပ်သားများပါ ‌ေ-သဆုံးခဲ့ဖွယ်ရှိသည်ဟု Chosun TV က သတင်းဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် အခြားသတင်းဋ္ဌာနများကပါ ၎င်းသတင်းကို ထပ်ဆင့်ဖော်ပြခဲ့ကြသည်။

သို့ရာတွင် လူ‌ေ-သဆုံးမှု သည် ၁၀၀၀ မှ ၁၅၀၀ ကြား ရှိနိုင်သည်ဟူသော မမှန်မကန် ကောလာဟလဖြန့်ချိခဲ့သည့် သတင်းများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြစ်တင်ရှုတ်ချခဲ့သည်ဟု KCNA သတင်းဋ္ဌာနက ဖော်ပြသည်။

“ဆိုးလ် ရဲ့ စွဲနေတဲ့ အကျင့်ဆိုးတွေနဲ့ စက်ဆုပ်ဖွယ်ရာ အလေ့အထကို ကင်က ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပါတယ်” ဟု KCNA က တောင်ကိုရီးယားနိုင်ငံကို ရည်ညွှန်းကာ စနေနေ့တွင် ဖော်ပြခဲ့သည်။ ရေကြီးမှု သတင်းဖော်ပြချက်များသည် မိမိတို့အပေါ် အရှက်တကွဲဖြစ်စေရေး၊ မြောက်ကိုရီးယား အပေါ် အမြင်ကို ညှိးနွှမ်းစေရေး တောင်ကိုရီးယား၏ အပုပ်ချလှုပ်ရှားမှုများတွင် ပါဝင်ကြောင်းလည်း ကင်မ်က ပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းတို့၏ သဘာဝဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ တာဝန်များကို လျစ်လျူရှုခဲ့ကြသည့် တာဝန်ရှိသူများကြောင့် အရေအတွက် အတိအကျမသိရသော ‌ေ-သဆုံးထိခိုက်မှုများ ဖြစ်စေခဲ့သည်ဟု မြောက်ကိုရီးယားက ရေဘေးသင့်နေရာများကို တိကျစွာမဖော်ပြဘဲ ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

သို့ရာတွင် အကြီးမားဆုံး ရေဘေးသင့် ပျက်စီးမှုများဖြစ်ခဲ့သော Sihuju ဧရိယာတွင် လူအ‌ေ-သအပျောက် လုံး၀ မရှိခဲ့ဟု စနေနေ့တွင် မြောက်ကိုရီးယားက ထပ်မံပြောဆိုခဲ့သည်။ မြောက်ကိုရီးယား လေတပ်က လူ ၅,၀၀၀ ကျော်ကို ကယ်ဆယ်ပေးခဲ့ပြီး ယင်းတို့ထဲမှ ၄,၂၀၀ ခန့်ကို နာရီအနည်းငယ်အတွင်း ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ပေးခဲ့ခြင်းဟု ဆိုခဲ့သည်။

Ref: Philstar


LEAVE A REPLY

Please enter your comment!
Please enter your name here