လက်ကျန်နည်းနေသည့် အညာမြေပဲများ အရောင်းအဝယ်သွက်နေ

0
190

အညာမြေပဲများ လက်ကျန်နည်းလာသော်လည်း ဈေးမြင့်တက်ခြင်းမရှိဘဲ အရောင်းအဝယ်သွက်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။

လက်ရှိ ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်သည် လက်ရှိဈေးတန်း အတိုင်းသာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး၊ ငွေသား မကိုင်လိုသည့် လှောင်လက်သမားများက ဝယ်ယူနေကာငွေသားကိုင်ထားလိုသူက ရောင်းချနေသည့် အရောင်းအဝယ်ပုံစံဖြစ်နေကြောင်း သိရသည်။

မကြာမီ အောင်လံ၊ မကွေးဒေသများမှ မြေပဲဆန်အသစ်များ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း ပို့ကုန်ပဲများ ဈေးငြိမ်နေသည်မှာ တစ်လကျော်ပြီဖြစ်ကြောင်း ကုန်သည်များကဆိုသည်။

ဩဂုတ် (၁) ရက်တွင် ပို့ကုန် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀ ပေါက်ဈေးရှိပြီ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၁၈၀၀၀ ပေါက်ဈေးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးနှုန်းအတက်အကျ အနည်းငယ်သာရှိပြီး နယ်အရောင်းအဝယ်လျော့ကျနေရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၂၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၄၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ထို့ပြင် မြေပဲဆံနှင့် နှမ်းမျိုးစုံ ဈေးမြင့်တက်ခြင်းမရှိသော်လည်း အရောင်းအဝယ်သွက်နေရာ ဩဂုတ်လ (၁) ရက်အတွက် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲပုပ် တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေ ကျပ် ၄၄၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀- ၃၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှ င် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here