(၃) လအတွင်း ပြည်ပသို့ ရော်ဘာစိမ်းတန်ချိန် (၆၂,၀၀၀) ကျော် တင်ပို့ခဲ့

0
93

ယခုဘဏ္ဍာနှစ်၏ ပထမသုံးလပတ်ကာလအတွင်း ပြည်ပသို့ ရော်ဘာစိမ်းတန်ချိန် (၆၂,၀၀၀) ကျော် တင်ပို့ခဲ့ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၇) သန်းကျော် ရရှိထားပြီး ရော်ဘာစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် စသည့် နိုင်ငံများကို အဓိကတင်ပို့နေခြင်းဖြစ်သည်။

ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ရော်ဘာကို မြန်မာနိုင်ငံအတွင်း မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးဧက (၁) သန်း (၆) သိန်း (၄) သောင်းနှင့် ထုတ်လုပ်မှုဧက (၉)သိန်းခွဲ ခန့်ရှိကြောင်း သိရသည်။

မြန်မာ့ရော်ဘာသည် မွန်ပြည်နယ်မှ အများဆုံးထွက်ရှိကာ တနင်္သာရီတိုင်းဒေသကြီးမှ ဒုတိယ အများဆုံး၊ ကရင်ပြည်နယ်မှ တတိယအများဆုံး ထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here