တရုတ်နိုင်ငံအနောက်တောင်ပိုင်း၌ မြေပြို၍ နှစ်ဦး‌ေ-သ ၊ ၁၇ ဦးပျောက်ဆုံး

0
209

ပေကျင်း၊ဩဂုတ် ၃

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၌ မြေပြိုမှုကြောင့် အဝေးပြေးလမ်းရှိတံတားတစ်စင်းကျိုးကျကာ အိမ်များပျက်စီးခဲ့ပြီး နှစ်ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါမြေပြိုမှုဖြစ်စဉ်အတွင်း လူ ၁၇ ဦးခန့်ပျောက်ဆုံးနေသေးကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

တံတားကျိုးကျမှုကြောင့် အနည်းဆုံးကား ၃ စီးခန့်ကျခဲ့ပြီး လူခြောက်ဦးခန့်ပါသွားကြောင်းလည်းသိရသည်။၎င်းတို့အနက် တစ်ဦးကို ကယ်တင်ထားနိုင်ပြီး ကျန်ငါးဦးမှာ ပျောက်ဆုံးနေသေးသည်ဟုသိရသည်။

“လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တော်များများလည်း အခင်းဖြစ်နေရာကိုရောက်နေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ပြင်ဆင်နေပါပြီ” ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မြေပြိုမှုဖြစ်စဉ်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ဆိုသလိုခံစားနေရသည်။

တရုတ်နိုင်ငံသည် သဘာဝဘေးအမျိုးမျိုးနှင့်ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့သည့်လက အဝေးပြေးလမ်းတံတားပြိုကျမှုကြောင့် ‌ေ-သဆုံးသူသည် ၁၂ ဦးမှ ၃၈ ဦးအထိမြင့်တက်လာကာ ၂၄ ဦးပျောက်ဆုံးနေသေးပြီး မေလကဖြစ်ပေါ်ခဲ့သည့် အဝေးပြေးလမ်းပိုင်းပြိုကျမှုကြောင့်လည်း ၄၈ ဦးအထိ‌ေ-သဆုံးခဲ့သည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်/ကေဂျီ


LEAVE A REPLY

Please enter your comment!
Please enter your name here