ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်ဒေသ သန့်ရှင်းသာယာလှပရေး စွန့်ပစ်ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်း

0
191

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်ဒေသ သန့်ရှင်းသာယာလှပရေး Bagan Plastic Campaign အဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က ညောင်ဦး – ကျောက်ပန်းတောင်း ကားလမ်းဘေး (ဝဲ ၊ ယာ) ရှိ စွန့်ပစ်ပလတ်စတစ်အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် လိုက်လံကောက်ယူ ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်းကို “ပုဂံဝန်းကျင်သာယာဖို့ ပလတ်စတစ်အမှိုက်တွေရှင်းကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ Bagan Plastic Campaign အဖွဲ့ ၏ ဦးဆောင်မှုဖြင့် ကောက်ယူရှင်းလင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

Bagan Plastic Campaign အဖွဲ့ဝင်များ စုပေါင်းအဖွဲ့က ညောင်ဦး – ကျောက်ပန်းတောင်း သွားကားလမ်း တုရင်း တောင်ဘုရားလမ်းခွဲမှ တောင်ဘကျေးရွာလမ်းခွဲအထိ လမ်းဘေး (ဝဲ ၊ ယာ) တလျှောက်ရှိ စွန့်ပစ်ပလတ်စတစ် အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ ကောက်ယူ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား သန့်ရှင်းသာယာလှပစေရန်နှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန်၊ ပြည်သူများ ပလတ်စတစ်အမှိုက်များ စွန့်ပစ်ရာ၌ သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်နေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီ ပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ အများပြည်သူသွားလာသော ကားလမ်းမကြီးဘေး (ဝဲယာ) များနှင့်မြို့အဝင်/အထွက် နေရာများရှိ စည်းကမ်းမဲ့စွန့်ပစ်ပလတ်စတစ်အမှိုက်များကို အပတ်စဉ် စနေနေ့တိုင်း ကောက်ယူရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here