လွိုင်ကော် လေဆိပ် ပြန်လည်ပြင်ဆင်နေမှုကို ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ သွားရောက်ကြည့်ရှု

0
157

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်လျက် ရှိနေပြီး ယင်းကဲ့သို့ ဆောင်ရွက်နေရာမှ လွိုင်ကော်လေဆိပ် ပြန်လည်ပြင်ဆင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ် ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ(၃)ရက်က သွားကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်သည် လွိုင်ကော်လေဆိပ်တွင် လေဆိပ်အတွင်းပိုင်း အချောသတ်လုပ်ငန်းများဆောင်ရွက်နေမှု၊ လေကြောင်းအကဲကြည့်အဆောက်အဦအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုနှင့် လေယာဉ်ပြေးလမ်းတလျှောက် ပြင်ဆင်နေမှုများကို ကြည်ရှုစစ်ဆေးခဲ့ပြီး လေဆိပ်ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး၊ လေယာဉ်ပြေးလမ်းတစ်လျှောက် ဝဲ၊ ယာ အချက်ပြမီးများ ကောင်းမွန်စေရေးအတွက် ကြည့်ရှုခဲ့သလို မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ဝန်ထမ်းအိမ်ရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်၍ ဝန်ထမ်းများ ပြန်လည်နေရာချထားနိုင်ရေးအတွက် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်နေမှုများ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းလည်း သိရသည်။

ဆက်လက်၍ ကယားပြည်နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်သို့ သွားရောက်၍ မော်တော်ယာဉ်လိုင်းများ လွိုင်ကော် – ဆီဆိုင်- တောင်ကြီးခရီးစဉ် ပြေးဆွဲနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်နှုန်းထား ကျော်လွန်ကောက်ခံမှုမရှိစေရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ရန် ပြုလုပ်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here