၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ နှစ်လက်မအရွယ်ငါး၊ ပုစွန်သား ပေါက်ကောင်ရေ ၄၀၅ ဒသမ ၁၀ သိန်း မျိုးစိုက်ထည့်ရန်လျာထား

0
237

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၌ နှစ်လက်မ အရွယ် ငါး၊ ပုစွန်သားပေါက် ကောင်ရေ ၄၀၅ ဒသမ ၁၀ သိန်း မျိုးစိုက်ထည့်ရန်လျာထားကြောင်း သိရသည်။

ဩဂုတ် (၂) ရက်၊ နံနက်ပိုင်းတွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ရွာ ပေါင်းလောင်းချောင်းတွင် ကျင်းပခဲ့သည်။

မိမိတို့နိုင်ငံတွင် ရေချိုငါးသယံဇာတများ ရှင်သန်ပွားများနိုင်သည့် ရေပြင်ဧရိယာစုစုပေါင်း ဧကသန်း (၅၀) ကျော်ရှိပြီး အဆိုပါ သဘာဝရေချိုရေပြင်များတွင် တည်ရှိနေသော ငါးသယံဇာတများမှာ နှစ်စဉ်ငါးဖမ်းဆီးထုတ်လုပ်မှု၊ သဘာဝအလျောက်‌ေ-သဆုံးမှု၊ ရေထုညစ်ညမ်းလာမှု၊ ရောဂါကျရောက်မှု၊ သဘာဝအစာ ကွင်းဆက်အရ အချင်းချင်းစားသုံးမှု၊ ရာသီဥတု ဖောက်ပြန်မှုများ စသည်တို့ကြောင့် လျော့ကျလာလျက်ရှိကြောင်း၊ ငါးသယံဇာတများ ပြန်လည်ဖြစ်တည်လာစေရန် ငါးမျိုးစိုက်ထည့်ခြင်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ တစ်နိုင်ငံလုံးအနေဖြင့် နှစ်လက်မအရွယ်ငါး၊ ပုစွန်သားပေါက်ကောင်ရေ ၄၀၅ ဒသမ ၁၀ သိန်းလျာထားခဲ့ပြီးဖြစ်ကြောင်း စိုက် ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ငါး၊ ပုစွန် သားပေါက်ကောင်ရေ သိန်း (၂၁၀) မျိုးစိုက်ထည့် နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ငါးသယံဇာတ စဉ်ဆက်မပြတ် ရေရှည်တည်တံ့နေစေရန်နှင့် ငါးရိက္ခာများ ပိုမိုထုတ်လုပ်ပြီး တိုးတက်လာလျက်ရှိသည့် လူဦးရေအတွက် ငါးရိက္ခာဖူလုံစွာ ဖြည့်တင်းပေးနိုင်စေရန် လက်တွဲပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ဇေယျာသီရိမြို့နယ်ကျည်တောင်ရွာ ပေါင်းလောင်းချောင်းအတွင်းသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here