အင်းစိန်မြို့နယ်၊ သရဖီလမ်းတွင် အုတ်တံတိုင်းပြိုကျ၊အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရ

0
55

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ သရဖီလမ်းရှိ လူနေအိမ် တစ်အိမ်မှ အုတ်တံတိုင်းပြိုကျပြီး ပိမိမှုကြောင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။

သြဂုတ် (၄)ရက်၊ ည (၉)နာရီ (၁၃)မိနစ်အချိန်ခန့်က အင်းစိန်မြို့နယ်၊ သရဖီလမ်းတွင် အုတ်တံတိုင်းပြိုကျပြီး လူပိမိနေကြောင်းသတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖြစ်စဉ်နေရာကို မီးအလင်းရောင်ရရှိရေး တွဲလက်လူမှုကူညီရေးအဖွဲ့မှလည်း (Lightning) စလိုက်ကား (၁)စီး လူနာတင် ယာဉ် (၂)စီး ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) အမျိုးသား (၁)ဦးအား စိန်ရတနာ နာရေးကူညီမှုအသင်းပိုင် သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here