ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မွေးမြူရေးလုပ်ငန်းတွင်ထုတ်ချေးထားသည့်ချေးငွေမှ အတိုး ငွေကျပ်သိန်း (၂၅၀)ရရှိ

0
321

မန္တလေးတိုင်းဒေသကြီးအတွင်း မွေးမြူရေး လုပ်ငန်းများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ထုတ်ချေးထားသည့် ချေးငွေအတိုး ငွေကျပ်သိန်း (၂၅၀)ရရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးမှ ခရိုင် (၅) ခု၊မြို့ (၅) မြို့သို့ အသားစားကြက်မွေးမြူရေးလုပ်ငန်းနှင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကိုနိုင်ငံ့စီးပွားရေးမြှင့်တင်ရန်ပုံငွေဖြင့် ချေးငွေများထုတ်ချေးပေးခဲ့ရာ အဆိုပါချေးငွေများကို အကျေဆပ်ပြီး အတိုး ငွေကျပ်သိန်း (၂၅၀)ရရှိကြောင်း သိရသည်။

ယင်းချေးငွေကို တစ်နှစ်‌ကာလဖြင့် ထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းမှာ (၁)ရာခိုင်နှုန်းဖြစ်ပြီး ‌ချေးယူသူ (၂၈) ဦးရှိကြောင်း၊ ချေးငွေထုတ်ပေးမှုအနေဖြင့် ကြက်မွေးမြူရေးလုပ်ငန်းတွင် တစ်ယူနစ် ကြက်ကောင်ရေ (၃၀၀၀) ချေးငွေ သိန်း (၁၅၀) ကျပ်၊ ဝက်မွေးမြူရေးလုပ်ငန်းတွင် တစ်ယူနစ် ဝက်ကောင်ရေ (၁၀၀၀) ချေးငွေ သိန်း (၁၅၀) ကျပ် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် မွေးမြူရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန်နှင့် ပြည်ပထုတ်ကုန်တိုးမြှင့်တင်ပို့နိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here