စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်လာ

0
243

ယခုတစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့်ဈေးနှုန်းအရ သိရသည်။

ယခုတစ်ပါတ်အတွက် လက်ကားရည်ညွှန်းဈေးသည်တစ်ပိဿာ (၅၇၈၀) ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် တစ်ပါတ်တွင် တစ်ပိဿာ (၅,၄၈၅) ကျပ်ဖြစ်ကြောင်း သိရသည်။

ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ (၁၅၀၀၀) ကျပ်အထိမြင့်တက်နေပြီး အချို့ဒေသများတွင် ဝယ်ယူရခက်ခဲနေကြောင်း ဝယ်ယူသုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဩဂုတ် (၅)ရက်မှ ဩဂုတ် (၁၁)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေ (၅၇၈၀)ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ယခုအခါ အရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန်အခက်အခဲရှိသော အိမ်ထောင်စုများအနေဖြင့် စားအုန်းဆီများကို မိသားစုတစ်စုတစ်လစာဝယ်ယူနိုင်ရန် ၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့်ဝယ်ယူနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here