မြောက်ကိုရီးယား နယ်ခြားစောင့်တပ်များ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ၂၅၀ လက်ခံရရှိ

0
77

မြောက်ကိုရီးယား နယ်ခြားစောင့်တပ်ဖွဲ့များသည် ပြည်တွင်း၌ ထုတ်လုပ်သည့် နောက်ဆုံးပေါ် နည်းဗျူဟာမြောက် ဒုံးကျည် ၂၅၀ ကို လက်ခံရရှိခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ယင်းသည် နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြနေပြီး အနာဂတ် တပ်မတော်ကို ခေတ်မီအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းနှင့် မြောက်ကိုရီးယား၏ ဒုံးကျည်စက်မှုလုပ်ငန်းကြီးများမှ ထုတ်လုပ်သော ပဲ့ထိန်းဒုံးပစ်လောင်ချာများကို ရှေ့တန်းစစ်စခန်းများသို့ ပေးအပ်ပွဲကို မြို့တော် ပြုံယမ်းတွင် ခမ်းနားစွာ ကျင်းပခဲ့ကြောင်း မြောက်ကိုရီးယားအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

လက်နက်သစ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး အခမ်းအနား မတိုင်မီတွင် အမျိုးအစားသစ် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်သည့် အခမ်းအနားကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းရည်များ မြှင့်တင်ရေးအတွက် ကြိုးပမ်းမှုများသည် တိုင်းပြည်၏ လူနေမှုဘဝ အခြေအနေများ တိုးတက်ရေးနှင့် သဘာဝ ဘေးဆိုးများ ပပျောက်ရေးတို့ကဲ့သို့ပင် အရေးကြီးဆုံး ဖြစ်ကြောင်း ကင်ဂျုံအန်က အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း KCNA သတင်းတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here