ဟားမတ်စ်ခေါင်းဆောင်ကို တာတိုပစ်ဒုံးကျည်ဖြင့် ပ-စ်ခ-တ်လုပ်ကြံခဲ့ဟုဆို

0
336

ဟာမတ်စ်အဖွဲ့၏ ခေါင်းဆောင်ဟောင်း အီစမိုင် ဟာနီယက်လုပ်ကြံသ–တ်ဖြ–တ်ခံရပြီးနောက် ခေါင်းဆောင်သစ် ရွေးချယ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနေပြီဟု ဂါဇာကမ်းမြောင်ဒေသကို စီမံအုပ်ချုပ်သည့် ဟားမတ်စ်အဖွဲ့က စနေနေ့တွင် ထုတ်ပြန်ပြောဆိုသည်။

တစ်ဖက်တွင် ဟားမတ်စ်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာခေါင်းဆောင် ဟာနီယက်ကို တာတိုဒုံးကျည်တစ်စင်းဖြင့် ပစ်လွှတ်လုပ်ကြံခဲ့ခြင်းဖြစ်ပြီး ၎င်းတည်းခိုရာနေရာ၏ ပြင်ပမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောဆိုခဲ့သည်။

“ဒီအကြမ်းဖက် စစ်ဆင်ရေးကို တည်းခိုရာနေရာ ရဲ့အပြင်ကနေ ၇ ကီလိုဂရမ်လောက် လေးတဲ့ထိပ်ဖူးတပ် တာတိုဒုံးကျည်တစ်စင်း ကိုပစ်လွှတ်ခဲ့လို့ ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်” ဟု အစောင့်တပ်က ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

တိုက်ခိုက်မှုကို အမေရိက၏ ပံ့ပိုးမှုဖြင့် အစ္စရေးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

အီရန်သမ္မတသစ် မာဆွတ် ပီဇက်ရှ်ကီယန်၏ ကျမ်းသစ္စာဆိုအခမ်းအနားတက်ရောက်ရန် တေရန်မြို့တော်သို့ ရောက်ရှိနေသည့် ဟာနီယက်မှာ ဗုဒ္ဓဟူးနေ့အစောပိုင်းက သ–တ်ဖြ–တ်ခံလိုက်ရခြင်းဖြစ်သည်။
ယင်းသ–တ်ဖြ–တ်မှုအတွက် တုန့်ပြန်လက်စားချေသွားမည်ဟု အီရန်နှင့် ဟားမတ်စ်တို့က ကတိပြုထားသည်။

ဟာနီယက်အတွက် လက်စားချေမည်ဖြစ်ကြောင်းကို အီရန်တော်လှန်ရေးအစောင့်တပ်က အခိုင်အမာ ထပ်လောင်းပြောဆိုခဲ့ပြီး အစ္စရေးအနေဖြင့် သင့်လျော်သည့် တစ်ချိန်ချိန်၊ တစ်နေရာရာတွင် ပြင်းထန်သည့် ပြစ်ဒဏ်ခံရမည်ဟု ပြောဆိုခဲ့သည်။

Ref: Alarabiya News


LEAVE A REPLY

Please enter your comment!
Please enter your name here