ကျိုက္ကဆံမီးပွိုင့်တွင် YBS မှ စက်ဘီးဖြင့် အစားသောက်ပို့သည့် လူငယ်ကို ဝင်တို-က်၊ Delivery လူငယ် အသက်ဆုံးရှုံးခဲ့ရ

0
136

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ကျိုက္ကဆံ မီးပွိုင့်တွင် YBS ခရီးသည်တင်ယာဉ်မှ စက်ဘီးဖြင့် အစားသောက်ပို့သည့် Delivery လုပ်ကိုင်သူ လူငယ် အမျိုးသားကို ဝင်တို-က်မိခဲ့သဖြင့် အတိုက်ခံရသူ လူငယ်မှာ နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရကြောင်း MNRO – မေတ္တာညွန့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ သြဂုတ် (၄)ရက်၊ ညနေ (၃) နာရီခွဲကျော်အချိန်က ပစ္စည်းပို့သည့် လူငယ်အမျိုးသား တစ်ဦးကို YBS မှ တို-က်မိကြောင်း သတင်းအရ MNRO – မေတ္တာညွန့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ကူညီရန် သွားရောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နေရာအရောက် အတို-က်ခံရသည့် လူငယ်မှာ အစားသောက်ပို့ ဝန်ဆောင်မှုလုပ်ငန်း Grab မှ စက်ဘီးဖြင့် ပို့ဆောင်သည့် Delivery သမားဖြစ်ပြီး ၎င်းမှာ ယာဉ်တို-က်ခံရသည့် နေရာမှာပင် အသက်ဆုံးရှုံးခဲ့ရကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့က ဆိုသည်။

အဆိုပါ YBS အတို-က်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ လူငယ်ရုပ်အလေ-ာင်းကို MNRO – မေတ္တာညွန့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အရိုးကုန်းလူနာတင်ယာဉ်နှင့် စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here