အင်းစိန်တွင် အသက် (၆၀)ကျော်အရွယ် လင်မယားနှစ်ဦး နေအိမ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် အသက်ဆုံးရှုံးလျက်တွေ့ရှိ

0
719

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာ၊ တိုက်အမှတ် (၃၃)၊ အခန်း (၀၀၁)တွင် နေထိုင်သည့် အသက် (၆၀)ကျော်အရွယ် လင်မယားနှစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် အသ-တ်ခံရမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် (၄) ရက် ၊ နံနက် (၈) နာရီခွဲအချိန်ခန့်တွင် သေဆုံးသူ လင်မယား (၂)ဦး၏ အငှားယာဉ်မောင်း ကိုအောင်ကိုထိုက်မှ ၎င်းတို့ကို အုံနာခပေးအပ်ရန် အခင်းဖြစ်ပွားသည့် နေအိမ်သို့ သွားရောက်ချိန် နေအိမ်မှာ သော့ခတ်ထားရာ ခေါ်မရသောကြောင့် ချွေးမဖြစ်သူ မခင်ဆုယဉ်ထံ အုံနာခသွားရောက်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ဖော်ပြသည်။

မခင်ဆုယဉ် မှ အုံနာခရရှိကြောင်း ယောက္ခမ (၂)ဦးထံ ဖုန်းခေါ်ဆို အသိပေးရာ ဖုန်းမကိုင်သည့်အတွက် နေအိမ်သို့ လိုက်သွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေအိမ်အရောက် အိမ်အနောက်ဘက်ရှိ တံခါးမှာ စေ့ထားသောကြောင့် ဝင်ရောက်ကြည့်ရှုရာ ယောက္ခမနှစ်ဦး ‌ေ-သဆုံးနေသည်ကို တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသ ည်။

‌ေ-သဆုံးသူမှာ အသက် (၆၇) နှစ် ဦးအောင်မြင့်၊ ဇနီးဖြစ်သူ အသက် (၆၁)နှစ် ဒေါ်ခင်အေးရီ တို့ဖြစ်ကြောင်း သိရပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများ ထိုးသွင်းဒဏ်ရာများဖြင့် ‌ေ-သဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here