တနင်္သာရီမြို့နယ်တွင် ကွမ်းသီးခြံ လုပ်ကိုင်သည့် ဇနီးမောင်နှံ(၂)ဦး အသ-တ်ခံရ၊ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရှိ

0
225

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာရှိ ကွမ်းသီးခြံတစ်ခုတွင် ဇနီးမောင်နှံ(၂)ဦး အသ-တ်ခံရပြီး ‌ေ-သဆုံးသူ ဇနီး မောင်နှံနှစ်ဦးတွင် (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရှိခဲ့ကြောင်း ဖြစ်စဉ်အား သွားရောက်ကူညီဆောင်ရွက်ပေးရသည့် ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

ယခုလ ဩဂုတ်(၂)ရက်‌၌ အသ-တ်ခံရသူ ဇနီးမောင်နှံနှစ်ဦးအလုပ်လုပ်ကိုင်ရာ ကွမ်းခြံသို့ ဖခင်ဖြစ်သူက လိုက်သွားရာမှ အသတ်ခံထားရသည်ကို တွေ့ရှိရပြီး ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့သည့်အတွက် သွားရောက်သယ်ယူခဲ့ရပြီး ဩဂုတ်(၃)ရက်တွင် ဖားနီသုဿန်တွင် သဂြိုဟ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်အထိ မည့်သည့်အတွက်ကြောင့် အသ-တ်ခံရသည် မည်သူက သ-တ်သည်ဆိုသည်ကို မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

“သူတို့‌ေ-သတာ ဘယ်သူမှ မသိဘူးဗျ။ ပုတ်ပွနေမှသွားတွေ့ရတယ်လို့ သိရတယ်ဗျ။ (၂)ရက် ညနေပိုင်းလောက် ‌ေ-သသူတွေရဲ့ အဖေက သူတို့ပြန်မလာလို့ လိုက်သွားကြည့်ရာက‌နေ အဲဒီအလောင်းကို တွေ့တာလို့သိရတယ်ဗျ။ အလောင်းကိုတော့ (၃ )ရက်သွားသယ်ကြတယ်ဗျ။ အခုတော့ သဂြိုဟ်လိုက်ပါပြီ။ ကျန်ခဲ့တဲ့ကလေးက ယောင်္ကျား‌လေးပါဗျ”ဟု ၎င်းက ဆိုသည်။

အသ-တ်ခံရသူ ဇနီးမောင်နှံနှစ်ဦးမှာ လည်ပင်းထိုးသွင်းဒဏ်ရာ တစ်ချက်စီ တွေ့ရှိရပြီး ၊ အမျိုးသားအား နောက်မှကြိုးဖြင့်ဆွဲကာ တိုင်တွင်ချည်နှောင်ထားသည့် ပုံစံတွေ့ရပြီး၊ အမျိုးသမီးဖြစ်သူမှာ တဲပေါ်တွင် ပင်လက်အနေအထားဖြင့် ‌ေ-သဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါ အသ-တ်ခံရသည့် အမျိုးသားမှာ အသက် (၃၅) နှစ်အရွယ် ကိုထက်နိုင်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူမှာ အသက် (၃၂) နှစ်အရွယ် မနိုးနိုးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here