တရားသော စစ်အောင်မြင်ရန် ပြည်သူများအနေဖြင့် စည်းလုံးညီညွှတ်ရန်လိုပြီး တပ်မတော်နှင့် အတူ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

0
238

တရားသော စစ်အောင်မြင်ရန်အတွက် ပြည်သူများအနေဖြင့် စည်းလုံးညီညွှတ်ရန်လိုပြီး တပ်မတော်နှင့် အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားသည်။

ယနေ့ ဩဂုတ်(၅)ရက် ညနေပိုင်းအချိန်တွင် နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ပြည်သူလူထုထံ အသိပေးပြောကြားချက်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားသွားခြင်းလည်း ဖြစ်သည်။

“ ခေတ်အဆက်ဆက် သွေးချွေးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ မျိုးချစ်ပြည်သူများက ဉီးဆောင်ဆင်နွှဲနေတဲ့ တရားသော စစ်အောင်မြင်ဖို့ ကျွန်တော်တို့ ပြည်သူအားလုံးကယုံကြည်စွာနဲ့ ဝိုင်းဝန်းပေးကြဖို့ လိုအပ်ပါတယ်။ တပ်မတော်နှင့် မျိုးချစ်ပြည်သူရှိနေသမျှ မြန်မာနိုင်ငံတော်ကြီးတည်တံ့ခိုင်မြဲနေရပါမယ် တည်တံ့ခိုင်မြဲအောင်လည်းလုပ်ဆောင်ပါ့မယ် စည်းလုံးသောအင်အားနှင့် အမိနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်ပါမယ်ခင်ဗျာ” ဟု ကတိပြုပြောကြားသည်။

ပြည်သူများအနေဖြင့် ခေတ်အဆက် ဆက်ပေါ်ပေါက်လာသည့် ပြည်ပကျုးကျော်သူများနှင့် ပြည်တွင်းသောင်းကျန်းသူအမျိုးမျိုး၏ဒဏ်ကို မြန်မာ့တပ်မတော်နှင့်လက်တွဲပြီး ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြကြောင်းနှင့် တပ်မတော်နှင့်ပြည်သူပူးပေါင်း၍ ပြည်တွင်းပြည်ပအန္တရာယ်များအားရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းလည်းရှိကြသည်ဟု မိန့်ခွန်းအတွင်းထည့်သွင်းပြောကြားသည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့် သတိပြုရမည့်အချက်မှာ ယနေ့ကမ္ဘာ့ရေးရာအခြေနေများသည် များစွာရှုပ်ထွေးနေခြင်းကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတည်သရွေ့တည်တံ့နေစေရန် အားလုံးစည်းလုံးညီညွတ်ကြောင်းပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here