ပြည်သူများ အလင်းထဲမှ အမှောင်ထဲ ပြန်ရောက်မည့် အခြေအနေမျိုးကို တပ်မတော်မှ လုံးဝခွင့်ပြုမည်မဟုတ်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
237

မြန်မာ့တပ်မတော်အနေဖြင့် ပြည်သူလူထု အလင်းထဲမှ အမှောင်ထဲသို့ ပြန်ရောက်မည့်အခြေအနေမျိုးကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဩဂုတ်လ (၅) ရက် ညနေပိုင်း ပြည်သူလူထုသို့ ပြောကြားသည့် နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်သည့် ပြောကြားချက်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

” အလင်းထဲကနေ အမှောင်ထဲကို ပြန်ရောက်ရတော့မယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဒီလိုအခြေအနေမျိုးကို ပြန်ရောက်ချင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့လည်း ကျွန်တော်တို့ ပြည်သူတွေ ဒီလိုအခြေအနေမျိုးရောက်မှာကိုလည်း လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ ညနေပိုင်း ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် နိုင်ငံတစ်ဝန်း EAO များနှင့် PDF များ၏ ပစ်ခတ်တိုက်ခိုက်နေမှုများ ၊ မြို့ရွာများ ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်‌ေ-သဆုံး၊ ပျက်စီးဆုံးရှုံးခဲ့ရမှုများနှင့် ပတ်သက်၍ အဓိကထား ပြောကြားသွားသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ TNLA နှင့် AA အ ဖွဲ့တို့မှ မြို့ရွာများနှင့် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်မှုများနှင့်ပတ်သက်၍လည်း အသားပေး ပြောဆိုသွားသည်ကို တွေ့ရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် ၊ ကယားပြည်နယ်နှင့် အခြားဒေသအချို့တွင် KNU ၊ AA ၊ KNPP ၊KNDF နှင့် PDF များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ နှင့်ပတ်သက်၍ လည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့ပြင် တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်နိုင်သည့် ကယားပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍လည်း နစက ဥက္ကဋ္ဌက ပြောကြားသွားသည်။

” ကယားပြည်နယ်တစ်ခုလုံး ယခင်လို တည်ငြိမ်အေးချမ်းမှုအပြည့်အဝရရှိအောင် ဆက်လက်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် နစက ဥက္ကဋ္ဌ အနေဖြင့် ယနေ့ ညနေပိုင်း ပြည်သူသို့ ပြောကြားသည့် ပြောကြားချက်တွင် နိုင်ငံတော် တည်တံ့ခိုင်မြဲရေး အတွက် အသက်ပေး၊ ကျဆုံး၊ ပျောက်ဆုံးခဲ့ရတဲ့ တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်တွေကို ဂုဏ်ပြု အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သလို ၊တရားသော စစ်အောင်မြင်ဖို့ စည်းလုံးညီညွတ်ဖို့လိုပြီး တပ်မတော်နဲ့အတူ ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here