တရုတ်-မြန်မာ နယ်စပ်ရှိ လက်နက်စက်ရုံများ တည်ထောင်နိုင်ရန် ငွေကြေးနှင့် နည်းပညာ အင်အားကို မည်သည့်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဟု နစက ဥက္ကဌ ပြောကြား

0
244

တရုတ်-မြန်မာ နယ်စပ်ရှိ လက်နက်စက်ရုံများ တည်ထောင်နိုင်ရန် ငွေကြေးနှင့် နည်းပညာအင်အားကို မည်သည့်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဟု
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ သြဂုတ် (၅ )ရက်တွင် နိုင်ငံတော် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ ပြည်သူထံသို့ အသိပေးပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် MNDAA ၊ TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်စပ်အဖွဲ့အသုံးပြုနေသည့် Drop Bomb နှင့် ရှော့
တိုက်ဒုံးများသည် ပြင်ပဈေးကွက်များအတွင်း ဝယ်ယူရရှိသည့်အပြင် ယင်းလက်နက်များကို ပြင်ပကြေးစား နည်းပညာရှင်များဖြင့်ပူးပေါင်း၍ နည်းပညာအရ အဆင့်မြှင့်တင်ခြင်းနှင့် တိုက်ပွဲအတွင်း ပိုမိုအသုံးဝင်ရန် ပြုပြင်ထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

“အဲ့ဒီ လက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကိုလည်း တွေ့ရှိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်းအများစုဟာလည်း အဲ့ဒီစက်ရုံများက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းများ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ဒီလို လက်နက်ခဲယမ်းမီးကျောက်စက်ရုံတွေ တည်ထောင်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့ မရနိုင်ပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာ အင်အားများ များစွာလိုအပ်တာ ဖြစ်တာကြောင့် ဒီစက်ရုံတွေ လည်ပတ်ဖို့ ငွေကြေးနဲ့ နည်းပညာအင်အား ဘယ်နေရာက ရရှိတာလဲဆိုတာကိုလည်း ဆန်းစစ်သွားရမှလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် တပ်မတော်အနေဖြင့် သောင်း
ကျန်းသူများကို တိုက်ခိုက်ရာတွင် အရပ်သား ပြည်သူများ မထိခိုက်စေရန် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ၊ အကြမ်းဖက်သောင်းကျန်းမှုနှိမ်နှင်းရေးဆိုင်ရာ တည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း ဖြည့်စွက်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here