ပြည်ပဈေးကွက် အဝယ်လိုက်ခြင်းကြောင့် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ လယ်ကဏန်းများပိုမိုတင်ပို့ခဲ့ရ

0
231

ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဈေးကွက်အဝယ်လိုက်ခြင်းကြောင့် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့လယ်ကဏန်းပိဿာချိန်ပိုမိုတင်ပို့ခဲ့ရကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန် ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း လယ်ကဏန်း ပိဿာချိန် (၈၅၀၀၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လအတွင်း လယ်ကဏန်းပိဿာချိန် (၆၇၀၀၀) ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဈေးကွက်ထဲသို့ တင်ပို့ရောင်းချနေသည့် လယ်ကဏန်းများသည် လယ်ကွင်းများထဲမှ ဖမ်းယူရရှိသည့်အမျိုးစားဖြစ်ပြီး လက်ရှိတွင်လည်း ဖျာပုံမြို့နယ်မှထွက်ရှိသည့် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။

ဖျာပုံမြို့နယ်မှ လယ်ကဏန်များ အပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး တင်ပို့ရောင်းချနေသည့် လယ်ကဏန်း (၁၀) ပိဿာလျှင် ငွေကျပ် (၆၅၀၀၀) ထိ ဈေးပေါက်နေကာ လက်ရှိတွင် ဝယ်ယူမှုအားကောင်းလာခြင်းကြောင့် ရေလုပ်သားများ၊ ကုန်သည်များ အဆင်ပြေလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here