ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)ကို ဒီဇင်ဘာ (၁) ရက်၌ ကျင်းပမည်

0
344

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)ကို ယခုနှစ် ဒီဇင်ဘာ (၁) ရက်တွင် ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးမြို့တို့မှ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် Online System ဖြင့် လျှောက်လွှာလက်ခံခြင်းကို Leve l N1 အတွက် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့ တွင်လည်းကောင်း၊ Level N2 အတွက် ဩဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့တွင်လည်းကောင်း၊ Level N3 အတွက်ဩဂုတ် ၁၆၊၁၉၊၂၇ ရက်တို့တွင်လည်းကောင်း၊ Level N4 အတွက် ဩဂုတ် ၂၀၊ ၂၁၊ ၂၈ ရက်တွင် လည်းကောင်း ၊ Level N5 အတွက် ဩဂုတ် ၂၂၊ ၂၃ ရက်တို့တွင်လည်းကောင်း လျှောက် လွှာလက်ခံသည့် ရက်အတွင်း ဝင်ရောက်လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

ရန်ကုန်သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ အများဆုံး (၁၀၀) စောင်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး မန္တလေးသင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများ ဆုံး (၅၀)စောင်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာများကို ဩဂုတ် (၁ ၂)ရက် ၊ (၁၃)ရက်နှင့် မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာများကို ဩဂုတ် (၁၂)ရက်နှင့် (၁၃) ရက်တို့တွင် ရောင်းချပေးမည်ဖြစ်သည်။

ရန်ကုန်စာဖြေဌာနအတွက် လက်ခံမည့်ကာလမှာ ဩဂုတ် ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၉၊၂၀ ရက်နှင့် မန္တလေးစာဖြေဌာနအတွ က် ဩဂုတ် ၁၄၊ ၁၅ ရက်တို့တွင် လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း သိရသည်။

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် (၁၀)နှစ်အောက်ဖြေဆိုသူများအတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းတို့ကို Level အားလုံးအတွက် ဩဂုတ် (၁၂)ရက်နှင့် (၁၃) ရက်တို့တွင် ဆောင်ရွက်ပေးမည်ဖြစ်သည်။

Online System ဖြင့် သင်တန်းကျောင်းများအတွက် ရောင်းချခြင်း၊ လက်ခံခြင်းနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်၊ (၁၀) နှစ်အောက် ဖြေဆိုသူများအတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းစသည့် တစ်မျိုးစီအတွက် သီးသန့် အသေးစိတ်ရှင်းလင်းချက်များအား ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJ A)မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here