ဓမ္မစာအုပ် (၂၂၀၀၀) လှုဒါန်းသည့် ဓမ္မစာပေ နိဗ္ဗာန်စျေးအလှုတော် မုံရွာမြို့တွင် ကျင်းပ

0
71

ပါမောက္ခချုပ်ဆရာတော်ကြီး ရေးသားတော်မူသော ဓမ္မစာအုပ်(၂၂၀၀၀) လှုဒါန်းသည့် ဓမ္မစာပေ နိဗ္ဗာန်စျေးအလှုတော်ကို မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်တွင် သြဂုတ်လ (၄)ရက်နှင့် (၅)ရက်များတွင်ကျင်းပသည်။

သဒ္ဓမ္မဇောတိက သုဗောဓာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ၏ သက်တော်(၄၄)နှစ်ပြည့် ဝိဇာတပုညမင်္ဂလာကုသိုလ်တော် အဖြစ် ဓမ္မစာပေ နိဗ္ဗာန်စျေး အလှုတော်ကို ကျင်းပခြင်းဖြစ်သည်။

“ဦးဇင်းက နှစ်တိုင်း မွေးနေ့ပွဲကျင်းပတယ်။ ကျင်းပတိုင်းမှာ တပည့်ဒါယကာ၊ဒါယိကာမတွေကို အမှတ်တရတစ်ခုခုပေးဖို့ဆန္ဒရှိခဲ့တယ်။ (၁၃၈၅) ခုနှစ် ဦးဇင်းရဲ့(၄၃)နှစ်ပြည့်မွေးနေ့တုန်းက ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးရဲ့ တရားစာအုပ်(၄၃)အုပ် နိဗ္ဗာန်စျေးလှုဖို့ စိတ်ကူးရှိခဲ့တယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယမန် နှစ်က မလှုဖြစ်ခဲ့ဘူးပေါ့။ အခု (၄၄)နှစ်ပြည့် မွေးနေ့ပွဲမှာကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့တ ရားစာအုပ်(၄၄)အုပ်၊ ကတ်ရေ ၄၀၀၀၊ စာအုပ်ကတစ်ဦး(၅) အုပ်နှုန်းနဲ့ စာအုပ်အမျိုးအမည်(၄၄)မျိုး စာအုပ်ပေါင်း (၂၂ ၀၀၀)ကို လှူဖို့စီမံခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ တရားအသိ ကိုယ်စီရှိပြီး ဓမ္မရှင်သန်ရေးအတွက်ဖြစ်ပါတယ်”ဟု ဘဒ္ဒန္တစန္ဒာဝရက မိန့်တော်မူသည်။

တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ၏ သက်တော်(၄၄)နှစ်ပြည့် ဝိဇာတပုညမင်္ဂလာကုသိုလ်တော် အဖြစ် ဆရာတော်၊သံဃာတော်အပါး(၁၀၀)နှင့် သီလရှင်အပါး(၅၀)ကို ဒါတဗ္ဗဝတ္ထုအစုစုဖြင့် လှုဒါန်းခဲ့ပြီး ဝိဇာတပုညမင်္ဂလာကုသိုလ်တော်ရေစက်ချအခမ်းအနားကို ကျင်းပခဲ့သည်။

“မွေးနေ့ပွဲမှာဝေတဲ့ စာရွက်လေးက စာဖတ်ချင်စိတ် ပိုရှိလာတယ်။ ကြုံလာသမျှ လောကဓံကို အကောင်းဆုံး ရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။ ကိုယ့်ကိုယ်ကို ပြန်ရှာမတွေ့တဲ့အခါ စာဖတ်ပါဆိုတဲ့စာက စာဖတ်ချင်စိတ်ကို တွန်းပို့တာပါ”ဟု ဓမ္မစာပေ နိဗ္ဗာန်စျေးသို့ လာရောက်သူလူငယ်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here