(၄)လအတွင်း ပြည်ပသို့ ငါးမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာ (၉၈) သန်းကျော်ရရှိထား

0
107

ယခုဘဏ္ဍာနှစ်၏ (၄)လတာကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ ၈၇၈၁၃.၄၇၆ တန် တင်ပို့ခဲ့ပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၉၈.၄၈၈ သန်း ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ သိရသည်။

ပင်လယ်ရေကြောင်းမှ ပုံမှန်ကုန်သွယ်မှုမှ ဒေါ်လာ ၆၅.၇၅၃ သန်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၃၂.၇၃၆ သန်းဖိုး တင်ပို့ထားကြောင်း သိရသည်။

ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း (၄၀) ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလ (၁)ရက်မှ ဇူလိုင်လ (၁၂) ရက်အထိ (၃) လကျော်ကာလအတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၄ ဒသမ ၁ ဘီလီယံကျော် ရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံကျော်ရရှိခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမြင့်တက်နေပြီး စက်မှုကုန်ချောပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်း တင်ပို့မှုသည် လျော့ကျနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here