အိုလံပစ်ဝါးလုံးထောက်ခုန်ပြိုင်ပွဲ ဆွီဒင်ကစားသမား ဗိုလ်စွဲ

0
284
Winner Sweden's Armand Duplantis celebrates setting the new world record after the men's pole vault final of the athletics event at the Paris 2024 Olympic Games at Stade de France in Saint-Denis, north of Paris, on August 5, 2024. (Photo by Kirill KUDRYAVTSEV / AFP)

ပါရီ၊ဩဂုတ် ၅

ပြင်သစ်နိုင်ငံ၌ကျင်းပနေသည့် အိုလံပစ်အားကစားပြိုင်ပွဲ၌ အမျိုးသားဝါးလုံးထောက်ခုန်ပြိုင်ပွဲတွင် ဆွီဒင်ကစားသမား အာမန်ဂျူပလန်တစ်က ကမ္ဘာ့စံချိန်ချိုးပြီး ရွှေတံဆပ်ဆုရသွားကြောင်းသိရသည်။

၎င်း၏ အံ့ဩဖွယ်ကောင်းသော ကမ္ဘာ့စံချိန်ချိုးမှုတွင် အမြင့်ပေ ၆ ဒသမ ၂၅ မီတာအထိရောက်ရှိခဲ့ပြီး ၎င်း၏ယခင်စံချိန် ၆ ဒသမ ၂၄ ထက် ၁ စင်တီမီတာပိုများကာ မိမိစံချိန်ကို မိမိပြန်ချိုးခဲ့ခြင်းဖြစ်သည်။

ထူးခြားသည်မှာ အမေရိကန်နိုင်ငံဖွားဆွီဒင်လူမျိုး အာမန်သည် ကိုးကြိမ်မြောက်ကမ္ဘာ့စံချိန်ချိုးခြင်းဖြစ်သည်။

အာမန်ကရွှေတံဆိပ်ရရှိပြီး အမေရိကန်ကစားသမား ဆမ်ကန်ဒရစ်ခ်က ၅ ဒသမ ၉၅ မီတာဖြင့် ငွေတံဆိပ်နှင့် ဂရိကစားသမား အမန်နူရယ်ကာရာလစ်စ်က ၅ ဒသမ ၉၀ မီတာဖြင့် ကြေးတံဆိပ်များကို အသီးသီးဆွတ်ခူးခဲ့ကြသည်။

အာမန်သည် ၁၉၅၂ ခုနှစ်နှင့် ၁၉၅၆ ခုနှစ်က အမေရိကန်အားကစားသမား ဘော့ဘ်ရစ်ချက်ခ်ျပြီးနောက် ဝါးလုံးထောက်ခုန်အားကစား၌ ချန်ပီယံဘွဲ့ကိုထိန်းသိမ်းနိုင်ခဲ့သည့် ပထမဆုံးသောကစားသမားလည်းဖြစ်လာခဲ့သည်။

Source : အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here