၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)အပြီး နိုင်ပွဲရလဒ်ပေါ်မူတည်၍ အမှတ်ပေးဇယားရပ်တည်မှုများ အပြောင်းအလဲများဖြစ်လာ

0
338

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)အပြီး နိုင်ပွဲရလဒ်များအပေါ်မူတည်၍ အမှတ်ပေးဇယားရပ်တည်မှုများ အပြောင်းအလဲများဖြစ်လာသည်ကို ယမန်နေ့ ဩဂုတ် (၅)ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ အသိပေးချက်အရ သိရသည်။

ပွဲစဉ်(၅)နှင့် ပွဲစဉ်(၄)အပြီး အသင်းအလိုက် အမှတ်ဇယားရပ်တည်မှုအဆင့် မြင့်တက်ခဲ့သည့် အသင်းရှိသလို အဆင့်ပြန်လည်ကျဆင်းခဲ့သည့် အသင်းများလည်းရှိနေသည်ကို တွေ့ရသည်။

ပွဲစဉ်(၄)အပြီး အမှတ်ပေးဇယားအဆင့်ထိပ်ဆုံးတွင်ရပ်တည်နေသော ရှမ်း၊ ရန်ကုန် ၊ ဟံသာဝတီ အသင်းတို့ကို ကြည့်လျှင် အဆင့် (၂)အဖြစ်ရပ်တည်နေသော ရန်ကုန်ယူနိုက်တက်အသင်းသည် အဆင့် (၃)နေရာသို့ ကျဆင်းခဲ့ရပြီးအဆင့် (၃)နေရာတွင် ရပ်တည်နေသော ဟံသာဝတီသည် အဆင့် (၂) နေရာသို့ ရောက်ရှိခဲ့သည်ကိုတွေ့ရသည်။

အလားတူ အဆင့်(၄)နေရာတွင် ရပ်တည်နေသော ဒဂုံစတား အသင်းမှာ အဆင့်(၆)နေရာသို့ ကျဆင်းသွားပြီး အဆင့် (၁၀) နေရာတွင်ရပ်တည်သော ဧရာဝတီအသင်းမှာ အဆင့်(၈) နေရာသို့တက်လှမ်းနိုင်ခဲ့သည်ကို တွေ့ရသည်။

ထို့နည်းတူ မြဝတီအသင်းသည် အဆင့် (၈)နေရာမှ အဆင့် (၁၀)နေရာသို့ ကျဆင်းခဲ့ပြီး ချန်ပီယံ အသင်းဖြစ်သည့် ရှမ်းအသင်းမှာမူ ပွဲစဉ်တစ်လျှောက် အဆင့်(၁)နေရာကို ဆက်လက်ပိုင်ဆိုင်ထားသည်။

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲအား နိုင်ငံတကာဘောလုံးပြက္ခဒိန်နှင့်အညီ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲအား ဇူလိုင် (၆)ရက်မှစတင်ခဲ့ကာ ဘောလုံးကလပ်အသင်း (၁၂)သင်းပါဝင်ကစားနေကြခြင်းလည်းဖြစ်သည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here