ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)နှင့် ပူးပေါင်းအဖွဲ့များအား ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်တွင် ပြုလုပ်

0
146

တပ်မတော်အားထောက်ခံသော ပြည်သူ (၆၀၀၀) ကျော် ပါဝင်သည့် ကန့်ကွက်ရှုတ်ချပွဲတစ်ခုကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ယနေ့ ဩဂုတ် (၆)ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲသည် MNDAA အမည်ခံ ကိုးကန့်လက်နက်ကိုင်များနှင့် ပူးပေါင်းအဖွဲ့များကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချသည့် ဆန္ဒထုတ်ဖော်ပွဲလည်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့ရှိ တပ်မတော် ကုတင် (၁၀ဝ)ဆေးရုံကို MNDAA အဖွဲ့က ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ပြီး ဆေးရုံမှဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူပေါင်း (၁၀၀) ကျော်ကို အစုလိုက်အပြုံလိုက် သ–တ်ဖြ–တ်ခဲ့မှုအား ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

အလားတူ လားရှိုးဖြစ်စဉ်နှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်း (၂၀) နှင့် နိုင်ငံရေးပါတီ (၂၅) ပါတီကလည်း ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေနှင့်အတူ နိုင်ငံတော် ၏ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ကာ ပြည်သူလူထုကို ပြောကြားရာတွင်အကြမ်းဖက် လက်နက်ကိုင်များကိုဘုံရန်သူအဖြစ်သတ်မှတ်ကာ အေးချမ်းမှုပြန်ရရှိအောင် ဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယမန်နေ့ ဩဂုတ် (၅) ရက်တွင် ပြည်သူလူထုအား ကတိပေးပြောကြားထားသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here