မလေးရှားဝန်ကြီးချုပ်ပို့စ်များကို ဖြုတ်ချသည့်အတွက် Meta တောင်းပန်

0
147

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြီးခဲ့သည့် သီတင်းပတ်တွင် လုပ်ကြံသ–တ်ဖြ–တ်ခံခဲ့ရသော ဟားမတ်စ်ခေါင်းဆောင်နှင့် ဆက်စပ်၍ သူ၏ ဖေ့စ်ဘုတ်နှင့် အင်စတာဂရမ်အကောင့်များတွင် တင်ခဲ့သည့် ပို့စ်များကို ဖြုတ်ချခဲ့သည့်ညအတွက် Meta ကုမ္ပဏီက အင်္ဂါနေ့ (သြဂုတ် ၆) တွင် တောင်းပန်ခဲ့ကြောင်း သိရသည်။

ဟာနီယက် ‌ေ-သဆုံးရမှုအတွက် ဝမ်နည်းကြေကွဲရကြောင်း ဖော်ပြသည့် ပို့စ်များ ဖြုတ်ချခံခဲ့ရပြီးနောက် မလေးရှားအစိုးရက ယင်းလုပ်ရပ်အပေါ် ဖြေရှင်းချက်ပေးရန် Meta ကို အရေးဆိုခဲ့သည်။

“ဝန်ကြီးချုပ်၏ ဖေ့စ်ဘုတ်နှင့် အင်စတာဂရမ် ပေ့ချ်များပေါ်မှ အကြောင်းအရာကို ဖယ်ရှားမိခဲ့သည်မှာ လုပ်မှားကိုင်မှားသာ ဖြစ်ကြောင်း ကျွနု်ပ်တို့ တောင်းပန်အပ်ပါကြောင်းနှင့် နောက်ပိုင်းတွင် ယင်းအကြောင်းအရာကို မှန်ကန်သော သတင်းအချက်အလက်အားဖြင့် ပြန်လည်ဖော်ပြပေးခဲ့ပါကြောင်း” Meta ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေးခွန်းထုတ်လာမှုများအပေါ် အီးမေးလ်မှတဆင့် ရိုက်တာသို့ တုန့်ပြန်ဖြေကြားခဲ့သည်။

မလေးရှား ဆက်သွယ်ရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူများသည် ယင်းကိစ္စအတွက် ဖြေရှင်းချက်ရရှိရန် တနင်္လာနေ့က Meta ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

“Meta ၏ လုပ်ရပ်များသည် ခွဲခြားဆက်ဆံခြင်း၊ တရားမျှတမှု မရှိခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် နှိပ်ကွပ်ခြင်းဟု ဝန်ကြီးချုပ်ရုံးက ရှုမြင်သည်” ဟု တနင်္လာနေ့က ထုတ်ပြန်ချက်တွင် ယင်းရုံးက ပြောဆိုခဲ့သည်။

Ref: Yahoo News


LEAVE A REPLY

Please enter your comment!
Please enter your name here