မလေးရှားသင်္ဘော န-စ်မြှပ်မှုဖြစ်စဥ်အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာသင်္ဘောသား(၄)ဦး နစ်နာကြေးရရှိရန် စီစဉ်နေ

0
92

မလေးရှားနိုင်ငံအခြေစိုက် သင်္ဘောကုမ္ပဏီ တစ်ခု၏ သင်္ဘောတစ်စီးန-စ်မြှပ်မှု ဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာသင်္ဘောသား(၄)ဦးအတွက် နစ်နာကြေးရရှိရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ထံမှ သိရသည်။

အသက်ဆုံးရှုံးသွားခဲ့သည့် မြန်မာသင်္ဘောသား (၄) ဦးအနက် (၁) ဦး၏ရုပ်အလေ-ာင်းမှာ ယနေ့ အချိန်အထိရှာဖွေမတွေ့ရှိသေးဘဲ ကျန်ရုပ်အလေ-ာင်းသုံးလောင်-းကိုသာ ပြန်လည်တွေ့ရှိထားကြောင်း သိရသည်။

အဆိုပါ န-စ်မြှပ်သွားသည့် မလေးရှားနိုင်ငံ အခြေစိုက် သင်္ဘောကုမ္ပဏီပိုင် MV Tung Sung သင်္ဘောသည် မလေးရှားနိုင်ငံ Kuchin မြို့မှ Sarikei သို့မောင်းနှင်နေစဉ် ဇူလိုင်လ (၇) ရက်၊ ဒေသစံတော်ချိန် တစ်နာရီခွဲအချိန်၍ Burung ကျွန်း အနောက်မြောက်ဘက်ရေမိုင် (၄ )မိုင်အနီးအ‌ရောက် ရာသီဥတုဆိုးရွားခြင်းကြောင့် န-စ်မြှပ်ခဲ့ရပြီး သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသား(၄)ဦး အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အ‌ကူအညီတောင်းခံခဲ့ရာ လျော်ကြေးရရှိရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အခြေစိုက် မြန်မာသံရုံးမှ လိုအပ်သည့်စာရွက် စာတမ်းများ ဖြည့်ဆည်းပေးသည့်အတွက် မကြာမီချိန်အတွင်း သင်္ဘောသား (၃) ဦး၏ အသက်အာမခံလျော်ကြေးရရှိမည်ဟု မျှော်လင့်ရသည်”ဟု မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်၏ လူမှုကွန်ရက်စာမျက်တွင် မျှဝေထားသည်ကို တွေ့ရသည်။

မြန်မာသင်္ဘောသားများအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းတွင် သင်္ဘောသားအသက်အာမခံကြေးထားရှိနိုင်ပြီး (၁)ယူနစ်မှ (၄)ယူနစ်အထိ ထားရှိနိုင်ကာ (၁)ယူနစ်လျှင် ကျပ် (၃၀ ,၀၀၀)ရှိကြောင်း သိရသည်။

သင်္ဘောသား အသက်အာမခံထားရှိထားသူများအနေဖြင့် လုပ်ငန်းခွင်အတွင်း အသက်‌ေ-သဆုံးပါက အာမခံကျပ်သိန်း (၅၀) ခံစားနိုင်မည်ဖြစ်ကာ ထိခိုက်ဒဏ်ရာအာမခံ ကြေးအတွက် ထိခိုက်သည့် အမျိုးအစားပေါ်မူတည်၍ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here