နိုဘယ်လ်ဆုရှင် ယူနွတ်စ်ကို ဦးဆောင်စေလိုကြောင်း ဆန္ဒပြသူများပြော

0
424
Anti-government protestors celebrate in Shahbag near Dhaka university area in Dhaka on August 5, 2024. - Protests in Bangladesh that began as student-led demonstrations against government hiring rules in July culminated on August 5, in the prime minister fleeing and the military announcing it would form an interim government. (Photo by Munir UZ ZAMAN / AFP)

သက်တော်ရှည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးနုတ်ထွက်သွားပြီးနောက် တစ်ရက်အကြာတွင် ကြားဖြတ်အစိုးရအဖွဲ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်ကို ဦးဆောင်စေရန် ၎င်းတို့ရွေးချယ်ကြောင်း ဘင်္ဂလားဒေ့ရှ် မှ ဆန္ဒပြကျောင်းသားများက ထုတ်ဖော်ပြောဆိုခဲ့သည်။

ကြားဖြတ်အစိုးရအဖွဲ့ကို မကြာမီ ဖွဲ့စည်းမည်ဟု ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲက တနင်္လာနေ့တွင် ပြောဆိုထားသည်။

ဆန္ဒပြကျောင်းသားခေါင်းဆောင်များသည် တိုင်းပြည်၏ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားရန် သဘောတူညီခဲ့သည့် ယူနွတ်စ်နှင့် ဆွေးနွေးမှုလုပ်ထားခဲ့ပြီးဖြစ်ကြောင်း ကျောင်းသားအဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်သူ နာဟစ် အစ္စလမ်က ဆိုရှယ်မီဒီယာပေါ်တင်ခဲ့သည့် ဗီဒီယိုပို့စ်တစ်ခုတွင် ပြောဆိုသည်။ ယူနွတ်စ်သည် ဟာစီနာအစိုးရလက်ထက်တွင် အကျင့်ပျက်ခြစားမှု စွဲချက်များနှင့် ရင်ဆိုင်နေရကာ ရုံးတင်စစ်ဆေးခံနေရသူဖြစ်သည်။

ဆန္ဒပြကျောင်းသားများအနေဖြင့် ကြားဖြတ်အစိုးရအဖွဲ့အတွက် နောက်ထပ် အမည်စာရင်းများကို ကြေညာသွားရန်ရှိပြီး လက်ရှိခေါင်းဆောင်ပိုင်းအနေဖြင့် ၎င်းတို့၏ ရွေးချယ်မှုများအပေါ် လျစ်လျူရှု့ရန်မှာ ခက်ခဲသော စိန်ခေါ်မှု ဖြစ်လိမ့်မည်ဟု အစ္စလမ်က ဆိုခဲ့သည်။

ဟာစီနာသည် အစိုးရ အလုပ်အကိုင် ခွဲတမ်းစနစ်ကို ဆန့်ကျင်သော သီတင်းပတ်နှင့်ချီ ၍ ကြာသော ဆန္ဒပြမှုများမှတဆင့် ဆူပူအကြမ်းဖက်ဖြစ်စဉ်များပေါ်ပေါက်ကာ သူ၏ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကို စိန်ခေါ်လာမှုအထိ ကျယ်ပြန့်သွားခဲ့ပြီးနောက် တနင်္လာနေ့တွင် ရာထူးမှ နုတ်ထွက်ကာ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။

Ref: အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here