နိုင်ငံရေးပါတီ နှစ်ခုကို မှတ်ပုံတင်ခွင့် လျှောက်ထားမှုအား UEC ငြင်းပယ်

0
221

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီ နှစ်ခုကို မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်ကြောင်း ယမန်နေ့ ဩဂုတ် ၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။

မှတ်ပုံတင်ခွင့် ငြင်းပယ်ခံရသော ပါတီနှစ်ခုမှာ လူ့ဘောင်သစ်ပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီများဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်အရ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၆) ပါ ပြဋ္ဌာ န်းချက်များနှင့် ညီညွတ်ခြင်းမရှိသည့် အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)နှင့် ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသူများကိုလည်း စိစစ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင်မူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ အရေအတွက်သည် ပါတီ (၅၀) ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here