ကမ္ဘာ့အကောင်းဆုံး ကစားသမားများဖြင့် ယှဉ်ပြိုင်ကစားခွင့်ရခဲ့သည့်အပေါ် ဂုဏ်ယူကြောင်း သက်ထားသူဇာ ဆို

0
74

ပဲရစ်အိုလံပစ် ကြက်တောင်ပြိုင်ပွဲ၌ ကမ္ဘာ့အကောင်းဆုံး ကစားသမားများဖြင့် ယှဉ်ပြိုင်ကစားခွင့်ရခဲ့သည့်အပေါ် ဂုဏ်ယူမိကြောင်းနှင့် အကောင်းဆုံးကြိုးစားခဲ့သော်လည်း အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသည့်အပေါ် ပရိတ်သတ်အား တောင်းပန်‌ကြောင်း ယနေ့ ဩဂုတ် (၆)ရက် တွင် သက်ထားသူဇာက ပြောကြားထားသည်။

ထို့ပြင် သက်ထားသူဇာက ပရိသတ်၊ မိသားစု၊ သူငယ်ချင်းများနှင့် ထောက်ပံ့ပေးသည့် sponsorship များအားလုံးကိုကျေးဇူးတင်‌ကြောင်းနှင့် အားလုံး၏ အကူအညီ အထောက်ပံ့မပါဘဲ လက်ရှိနေရာတွင် ရပ်တည်နိုင်မည် မဟုတ်ဟု သူမက ဖြည့်စွက်ဆိုထားသည်။

“သက်ထားရဲ့ ဒုတိယမြောက် Olympic ပြိုင်ပွဲကတော့ ပြီးသွားခဲ့ပါပြီ။ ခက်ခဲတဲ့ အုပ်စုဖြစ်တဲ့ world ranking 5 နဲ့ 31 ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ သက်ထားအစွမ်းရှိသလောက် အကောင်းဆုံးကြိုးစားကစားခဲ့ပေမယ့် အနိုင်မယူပေးနိုင်ခဲ့တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ အခုလို ကမ္ဘာ့အမြင့်ဆုံးပြိုင်ပွဲမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့အတူ ယှဉ်ပြိုင်ကစားခွင့်ရခဲ့တာလဲ အရမ်းကို ဂုဏ်ယူရပါတယ်”ဟု သူမက ဆိုသည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် ပဲရစ်အိုလံပစ် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သက်ထားသူဇာအနေဖြင့် ဂျပန်ကြက်တောင်မယ် ယာမာဂူချီဖြင့် ယှဉ်ပြိုင်ရာ ပထမပွဲစဉ်တွင် ရမှတ် (၂၁-၁၃)၊ ဒုတိယပွဲစဉ်တွင် ရမှတ် (၂၁-၁၀) ဖြင့်လည်း ကောင်း ရှုံးနိမ့်ခဲ့‌ခြင်းဖြစ်သည်။

အလားတူ ကနေဒါကြက်တောင်မယ် မီရှဲလ်လီဖြင့် ယှဉ်ပြိုင်ရာတွင် ပထမပွဲစဉ်အတွင်း (21-16) ၊ ဒုတိယပွဲစဉ်တွင် (25 -25-23)ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ-THET HTAR Thuzar


LEAVE A REPLY

Please enter your comment!
Please enter your name here