Wednesday, January 15, 2025

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့်...

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့်...

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့–...

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က...

ကျောက်ပန်းတောင်း မြို့နယ်တွင် ပုပ္ပါး ၂၀၀...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ...
HomeNewsLocal Newsအစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်သည့်...

အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်သည့် သမဝါယမစနစ်ဖြင့်စိုက်ပျိုးရေးကို ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်ဟု နစကဥက္ကဌပြော

စိုက်ပျိုးနိုင်ရေးအတွက် အရင်းအနှီးနှင့်စုပေါင်းပြီးဆောင်ရွက်သည့် စနစ်များလိုအပ်ပြီးသမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်ကြောင်းနစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

ယမန်နေ့ (ဩဂုတ် ၆)ရက်နေ့တွင်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့စဉ် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ၏ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသည် အဓိကကျကြောင်း၊ အဓိကကျသည့် ကုန်ထုတ်လုပ်မှုများ အားကောင်းလာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း နစကဥက္ကဌကပြောသည်။

ထို့ပြင်မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် ဆီအုန်းများသည်မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော်လည်း စားသုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ မြေပဲနှင့်နှမ်းများကို ဆီအဖြစ်စားသုံးခြင်း၊ ပို့ကုန်များအဖြစ်ပြည်ပသို့တင်ပို့ခြင်းနှင့် မိရိုးဖလာအစားအစာအဖြစ် အသုံးပြုခြင်းများရှိကြောင်း၊အထွက်နှုန်းများသည်လည်း ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိခြင်းမရှိသောကြောင့်ထုတ်လုပ်မှုကုန်ကျစရိတ်များမှာ ပိုမိုများပြားလျက်ရှိနေကြောင်း၊ ဆီထုတ်လုပ်ရာတွင်လည်းဆီကြိတ်စက်များ၏ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်ကြောင်း ၎င်းကဆိုသည်။

စိုက်ပျိုးရေးကိုတစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုသည့် ပျားမွေးမြူရေးလုပ်ငန်းများကိုလည်းစနစ်တကျဆောင်ရွက်နိုင်မည်ဆိုပါက ပျားရည်ထုတ်လုပ်ရေးတွင်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်းကောင်း၊စပါးနှင့်ပတ်သက်၍လည်းကောင်း၊မွေးမြူရေးနှင့်ပတ်သက်၍လည်းကောင်း နစကဥက္ကဌမှ ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ တတ်ရောက်လာသည့်သူများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် သမဝါယမစနစ်သည် အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတူတကွစုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးပြီး ဆီထွက်သီးနှံများမှထွက်ရှိလာသည့် ဆီများကို ဒေသတွင်းအပြင်အခြားပြင်ပ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့လည်း ရောင်းချပေးနိုင်ရန်လိုကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရေး သမဝါယမအသင်းအဖွဲ့များ အချင်းချင်းချိတ်ဆက်ဆောင်ရွက်ထားရှိရန်လိုကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ယမန်နေ့ဆွေးနွေးဆောင်ရွက်ခဲ့သည်များမှ အရေးကြီးသည့်အချက်အလက်များကို အောက်ခြေအဆင့်အထိရောက်သည်အထိ အဆင့်ဆင့် အသိပေးဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ စနစ်တကျစိုက်ပျိုးခြင်း၊မွေးမြူခြင်းများကို ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယမန်နေ့တွင်ဆွေးနွေးခဲ့သည့်ကဏ္ဍအလိုက်ဖော်ထုတ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့် နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ စာချုပ်ချုပ်ဆိုထားသည်ဟု သိရှိထားသော်လည်း ပြိုင်ပွဲကာလအတွင်း ယခုကဲ့သို့ စာချုပ်ဖျက်သိမ်းရခြင်းနှင့်ပတ်သက်၍ အသင်းက ထုတ်ဖော်အသိပေးခြင်းမရှိသေးပေ။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ခုနှစ် ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို (၂) စာချုပ်ဖြင့် ခေါ်ယူထားခြင်းလည်းဖြစ်သည်။ အသက် (၃၃)နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ် ထွန်းခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့် တရုတ်အသင်းအနိုင်ယူ

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC Women's Futsal Asian Cup ခြေစစ်ပွဲ အုပ်စု(D)ပွဲစဉ်ကို မကာအိုနှင့် တရုတ် (တိုင်ပေ)အမျိုးသမီး ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ)အသင်းက (၁၈) ဂိုးသွင်းယူခဲ့ပြီး ပြိုင်ဘက် မကာအိုအသင်းမှာ ပွဲပြီးဆုံးချိန်အထိ ချေပဂိုး သွင်းယူနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ယနေ့ နောက်ထပ် အုပ်စု(D)ပွဲစဉ်တစ်ခုကိုလည်း ညနေ(၅) နာရီအချိန်၌ မြန်မာနှင့် ဗီယက်နမ်...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့– အီရန်သမ္မတ

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က အင်တာဗျူးတွင် ပြောဆိုလိုက်ပြီး ထရမ့်ပ်နှင့် အမေရိကန်အစိုးရ၏ အခိုင်အမာစွပ်စွဲခဲ့မှုများကို ငြင်းဆိုသွားခဲ့သည်။ ထရမ့်ပ်ကို လုပ်ကြံသတ်ဖြတ်ရန် အီရန်တော်လှန်ရေးတော်လှန်ရေးအစောင့်တပ်က ညွှန်ကြားခိုင်းစေခဲ့သည့် အစီအစဉ်တစ်ခုနှင့် ဆက်နွယ်သည်ဆိုကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်တရားရေးဌာနက အီရန်အမျိုးသားတစ်ဦးကို စွဲချက်တင်ခဲ့သည်။ တိုက်ခိုက်မှုများ အကောင်အထည်မဖော်သေးမီတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့များက အဆိုပါအကြံအစည်ကို ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။ သူ့ကို သတ်ဖြတ်ရန် ကြိုးပမ်းမှုများ၏နောက်ကွယ်တွင် အီရန်ပါဝင်နိုင်သည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071